Tuesday, May 2, 2017

ပြည်သူ့ရေးရာဝန်ဆောင်မှုသင်တန်း Civil Service Training ဖွင့်ပွဲအခမ်းအနား ဟားခါး၌ကျင်းပ



ဟားခါး          မေ               
ပြန်ကြားရေးဝန်ကြီးဌာန၊ ဂျာမန်ဖောင်ဒေးရှင်း( Konrad –Adenauer –Stiftung )နှင့် ပညာအသင်း Panna Institute တို့ ပူးပေါင်းဖွင့်လှစ်သည့် ပြည်သူ့ရေးရာဝန်ဆောင်မှုသင်တန်း Civil Service Training ဖွင့်ပွဲ အခမ်းအနားကို မေ ၂ ရက် နံနက် ၉ နာရီက ဟားခါးမြို့ မြို့နယ်စုပေါင်းရုံးအစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီးဦးပေါင်လွန်းမင့်ထန်က အဖွင့်အမှာ စကား ပြောကြားပြီး ဒေါက်တာဦးတင်မောင်မောင်သန်းက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။
အဆိုပါ သင်တန်းတွင် ပြည်နယ်အဆင့်ဌာနဆိုင်ရာများမှ အရာထမ်း သင်တန်းသား သင်တန်းသူ(၄၅)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ယနေ့မှစ၍ မေလ ၅ ရက်နေ့အထိ လေးရက်ကြာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
 ပြည်နယ် (ပြန်/ဆက်)

No comments:

Post a Comment