Tuesday, May 2, 2017

စာအုပ်စာစောင်ပေးအပ်လှူဒါန်းပွဲ ကျင်းပ


ဇလွန်          မေ        
ဧရာဝတီတိုင်းဒေသကြီး ၊ ဇလွန်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ၊ မြို့နယ် ပြည်သူ့ စာကြည့်တိုက်ခန်းမတွင် ဒေါ်ကြည်ကြည်ငြိမ်း (The Nippon Foundation )မှ လှူဒါန်းသော စာအုပ်စာစောင် ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို မေလ (၂) ရက်နေ့၊ မြို့နယ်ပြည်သူ့စာကြည့်တိုက်ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။

ယင်းအခမ်းအနားတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ၊ မြို့နယ်ဦးစီးမှူး ဒေါ်အေးမြင့်သိန်း ၊ ဓနုဘေးကျေးရွာ အောင်တမာန်စာကြည့်တိုက်မှူး ဦးတင်လှိုင်တို့မှ စာအုပ်လှူဒါန်းရခြင်း ရည်ရွယ်ချက်များနှင့် စာအုပ်အလှူရှင် ဒေါ်ကြည်ကြည်ငြိမ်းအား အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားပြီး အလှူရှင်ဒေါ်ကြည်ကြည်ငြိမ်း    လှူဒါန်းသော ဂျာနယ်ကျော်မမလေး ရုပ်ပြစာအုပ် ၊ မြန်မာမှ ကမ္ဘာ့ဦးသန့် ရုပ်ပြစာအုပ် ၊ ဆရာကြီးသခင် ကိုယ်တော်မှိုင်း ရုပ်ပြ စာအုပ်များကို ဇလွန်မြို့နယ်အတွင်းရှိ ရှင်သန်ခိုင်မာသော စာကြည့်တိုက် (၁၀)တိုက်အား စာအုပ်စုစုပေါင်း (၃၃၀)အုပ်ကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ၊ မြို့နယ်ဦးစီးမှူး ဒေါ်အေးမြင့်သိန်းမှ စာကြည့်တိုက်မှူးများအား ပေးအပ် လှူဒါန်းခဲ့သည်။
အခမ်းအနားတွင် ဒေါ်ကြည်ကြည်ငြိမ်း (The Nippon Foundation)မှ ဇလွန်မြို့နယ် ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသို့ စာအုပ်ပေါင်း (၃၃၀)လှူဒါန်းခဲ့ပြီး ဇလွန်မြို့နယ် ၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနမှ ရှင်သန်ခိုင်မာသော စာကြည့်တိုက် (၁၀)တိုက်အား ပြန်လည် ပေးအပ်လှူဒါန်းခဲ့သည်။
(ငွေသန်း) ၊ ပြန် / ဆက်

No comments:

Post a Comment