Sunday, May 28, 2017

မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်ဥက္ကဋ္ဌ ဖလားနှင့်နွေရာသီသင်တန်းဆင်း တိုက်ကွမ်ဒိုပြိုင်ပွဲဆုပေးပွဲ အခမ်းအနားကျင်းပ

ရန်ကုန် မေလ ၂၈
 မြန်မာနိုင်ငံတိုက်ကွမ်ဒို အဖွဲ့ချုပ်ဥက္ကဋ္ဌဖလားနှင့် သင်တန်းဆင်း တိုက်ကွမ်ဒိုပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ညနေ (၃) နာရီအချိန် ရန်ကုန်တိုင်းဒေသကြီး အောင်ဆန်းအားကစားပြိုင်ဝင်း၊ မိုးလုံလေလုံအားကစားရုံ၌ ကျင်းပပြုလုပ်ရာ  အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်) ကျောင်းအုပ်ကြီးညွှန်ကြားရေးမှူး ဦးစိုးအောင်၊ မြန်မာနိုင်ငံ တိုက်ကွမ်ဒိုအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမြဟန်၊ ဒုတိယဥက္ကဋ္ဌနှင့်အမှုဆောင်များ၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံရုံးမှ ဒုတိယသံအမတ်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။


ယနေ့ပြိုင်ပွဲနှင့်ဗိုလ်လုပွဲများအပြီးတွင်ဆုပေးပွဲကိုဆက်လက် ကျင်းပရာ တစ်ဦးချင်း “ကကွက်” နှင့်အတွဲလိုက် ပြိုင်ပွဲများ တွင် ပထမ၊ဒုတိယ၊ တတိယဆုရရှိကြသူများ၊ တစ်ဦးချင်း “အတိုက်” အတန်းလိုက်ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိကြသူများအား တက်ရောက်လာကြသည့် တာဝန်ရှိပုဂ္ဂိုလ်များကဆုများကို အသီးသီးပေးအပ်ချီးမြှင့်၍ လည်းကောင်း၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ကျောင်းအုပ်ကြီးညွှန်ကြားရေးမှူး ဦးစိုးအောင်၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယား သံရုံးမှ ဒုတိယသံအမတ်နှင့် တာဝန်ရှိပုဂ္ဂိုလ်များက အသက်(၁၀)နှစ်အောက် ခါးစည်းအဖြူ အကောင်းဆုံး အားကစား သမားဆုရ အောင်မင်းဦး (D.G) ၊ အေးသဉ္ဇာဝင်း (Y.T.C) ၊ အသက်(၁၄)နှစ်အောက် ခါးစည်းအဖြူ အကောင်းဆုံး အားကစားသမားဆုရ လင်းထက်ပိုင်(A.S)၊ သွန်းနဒီမိုး (A.S)၊ အသက်(၁၄)နှစ်အောက် ခါးစည်းကာလာ အကောင်းဆုံး အားကစားသမားဆုရ မြတ်မင်းဟန် (A.S)၊ စံရတီမေ (Y.T.C)၊ အသက်(၁၈)နှစ်အောက်ခါးစည်းအဖြူ အကောင်းဆုံး အားကစားသမားဆုရ နေလင်းဦး(ကယား)၊ မေမြတ်မွန်(ကယား)၊ အသက်(၁၈)နှစ် အောက်ခါးစည်း ကာလာ အကောင်းဆုံး အားကစားသမားဆုရ ကောင်းဆက်လွင် (A.S) ၊ မြင့်သီရိစိုး (သန်လျင်)၊ အသက်(၁၈)နှစ်အထက် အကောင်းဆုံး အားကစားသမားဆုရ ရဲမြင့် (Y.T.C)၊ မေသဇင်မိုး (ကယား)၊ ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံး ဒိုင်လူကြီးဆုကို အေးချမ်းဝေတို့အား အသီးသီးဆုများပေးအပ်ချီးမြှင့်ခဲ့ပြီး မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာ ဦးမြဟန်က ရွှေ(၃၀)ခု၊ ငွေ(၃၀)ခု၊ ကြေး(၃၀)ခုဖြင့် တံခွန်စိုက်ဆုဖလားကို ဆွတ်ခူးသွားသော (အောင်ဆန်း) အသင်း၊ ရွှေ(၈)ခု၊ ငွေ(၅)ခု၊ ကြေး(၁၅)ခုဖြင့် ဒုတိယဆွတ်ခူးသွားသော (သန်လျင်)အသင်း၊ ရွှေ(၁၇)ခု၊ ငွေ(၅)ခု၊ ကြေး(၇) ခုဖြင့် တတိယဆုဆွတ်ခူးသွားသော (ကယား) အသင်းတို့အား ဆုများကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment