Sunday, May 28, 2017

သောက်သုံးရေအခက်အခဲဖြစ်ပေါ်နေသော သုံးမွှာသာချောင်းတောတိုက်သို့ နေ့စဉ်သွားရောက်လှူဒါန်းလျက်ရှိ

ပေါက် မေ ၂၈
သဘာဝမိုးရေကို စုဆောင်းထားသော မြေသားရေလှောင်ကန်တစ်ခုတည်းသာ အားထားအသုံးပြုရသော ပေါက်မြို့နယ် သုံးမွှာသာချောင်းတောတိုက်သည် နွေရာသီပူပြင်းခြောက်သွေ့မှုကြောင့် ရေများခန်းခြောက်၍ သောက်သုံးရေရှားပါး ပြတ်လပ်မှု နှစ်စဉ်ကြုံတွေ့နေရကြောင်း သုံးမွှာသာချောင်းတောတိုက်မှ ဒေသခံများထံမှသိရသည့်အတွက် ပေါက်မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ပြန်/ဆက်ဦးစီးဌာန၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ဆိပ်ဖြူမြို့နယ် ဆည်မြောင်းနှင့်ရေ အသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနတို့ ပူးပေါင်း၍ မေ ၂၇ ရက်ကသုံး မွှာသာ ချောင်းတောတိုက်သို့ သောက်သုံးရေများ သွားရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။

ထိုသို့သွားရောက်လှူဒါန်းရာတွင် ပေါက်မြို့နယ်ဌာနဆိုင်ရာများက ရေဂါလံ (၁၆၀၀) ဆန့် မီးသတ်ရေသယ်ယာဉ်ဖြင့် သုံးမွှာသာချောင်း တောတိုက်အရှေ့ဘက် (၂) မိုင်ခန့်အကွာ ရွှေပြည်သာ ကျေးရွာစက်ရေတွင်းမှ သောက်သုံးရေ (၅) စီး လှူဒါန်းခဲ့ပြီး ဆက်လက်၍ဆိပ်ဖြူမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲမှုဦးစီးဌာနမှ ရေသယ်ယာဉ်ဖြင့် သောက်သုံးရေများ လိုသလောက်လှူဒါန်းခဲ့ရာ နောက်ရက်များတွင်လည်း သုံးမွှာသာကျောင်းတောတိုက်ရှိ အိမ်ခြေ ၅၇အိမ်၊ လူဦးရေ ၃၀၀ကျော်၊ ကျွဲ/နွား ၃၀၀ကျော်နှင့် သိုး/ဆိတ် ၃၀၀ ကျော်တို့အား သောက်သုံးရေများကို ဆက်လက် လှူဒါန်းသွာမည်ဖြစ်ကြာင်း ဆိပ်ဖြူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှဦးစီးအရာရှိ (မြို့ပြ) ဦးရန်လင်းမောင်က ပြောကြားခဲ့သည်။

ဉာဏ်တိုး(ပေါက်)

No comments:

Post a Comment