Sunday, May 28, 2017

ကျောင်းအဆင့်တိုးမြှင့်ခြင်းနှင့် ကျောင်းဆောင်သစ်ဖွင့်ပွဲကျင်းပ

ဒီးမော့ဆို မေ ၂၈
ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ် ယူဆမိုဆိုကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) အဆင့် တိုးမြှင့်ခြင်းနှင့် ကျောင်းဆောင်သစ်ဖွင့်ပွဲကို မေ ၂၈ ရက် နံနက် ၁၀ နာရီအချိန်တွင် ကျင်းပသည်။

ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) အဆင့်တိုးမြှင့်ခြင်း ဆိုင်းဘုတ်အား ပြည်နယ်ပညာရေးညွှန်ကြားရေးမှူး ဦးစောအယ်ဒိုဝါး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သက်ဝင်းနှင့် ကျောင်းအကျိုးတော်ဆောင် ဦးဘောစကိုတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်သည်။
ဆက်လက်၍ ပညာရေးဝန်ကြီးဌာန ရန်ပုံငွေကျပ် ၃၄ ဒသမ ၅ သန်းဖြင့် ဆောက်လုပ်သော အလျား ၁၂၀ ပေ၊ အနံ ၃၀ ပေရှိ ကျောင်းဆောင်သစ်ဖွင့်ပွဲ ဆက်လက်ကျင်းပရာ မြို့နယ်ပညာရေးမှူး ဒေါ်နော်အယ်ဖော၊ အုပ်စုအုပ်ချုပ်ရေးမှူး ဦးဂျေရောလမိုနှင့် မိဘဆရာအသင်း ဒုဥက္ကဌ ဦးကလယ်မင်းတယ်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး ကျောင်းဆောင်သစ်နှင့် ပတ်သက်သော စာရွက်စာတမ်းများကို မြို့နယ်ပညာရေးမှူးထံ လွှဲပြောင်းပေးအပ်သည်။
ထို့နောက် ပြည်နယ်ပညာရေးညွှန်ကြားရေးမှူးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့က လမ်းညွှန်အမှာစကားပြောကြားပြီး ကျောင်း အကျိုးတော်ဆောင်တစ်ဦးက ကျောင်းအဆင့်တိုးမြှင့်ခြင်းနှင့် ကျောင်းဆောင်သစ်ဖွင့်ပွဲအတွက် ကျေးဇူးတင်စကား ပြောကြားသည်။
ကျောင်းအဆင့်တိုးမြှင့်ခြင်းဖြင့် ယူဆမိုဆိုကျေးရွာ အနီးပတ်ဝန်းကျင်ရှိ ဒေါတဝီ၊ ဆော်ပထန်၊ ငံရိုး၊ ကွိုင်ငံနှင့် ကွိုင်ငံ ရွာသစ်ကျေးရွာများမှ ကလေးသူငယ်ကျောင်းသား ကျောင်းသူများအတွက် များစွာအကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်

No comments:

Post a Comment