Tuesday, May 9, 2017

ကလေးငယ်များစာပေနှင့် ရင်းနှီးကျွမ်းဝင်မှုရှိလာစေရန် ကလေးစာဖတ်ဝိုင်းများ ပြုလုပ်ဆောင်ရွက်လျက်ရှိ

ငါ့သရောက်  မေ  
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးမိုးဦးဆောင်၍ ဝန်ထမ်းများအဖွဲ့သည် မေ ၉ ရက်၊ မေလ ၉ ရက်နေ့ နံနက် ၈ နာရီက ငါ့သရောက်မြို့နယ် တောပြာကျေးရွာ ဆင်ဖြူဆိပ်(မြောက်) ဘုန်းတော်ကြီးကျောင်း၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည့် ယဉ်ကျေးလိမ္မာသင်တန်း ကျောင်းသို့ သွားရောက်ပြီး
ကလေးငယ်များ ကျောင်းစာအပြင် စာဖတ်ခြင်းဖြင့် ပြင်ပဗဟုသုတ ကြွယ်ဝလာစေရန် ၊ စာပေ နှင့် ရင်းနှီးကျွမ်းဝင်မှုရှိပြီး စာဖတ်သည့် အလေ့အကျင့်ကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ကလေးငယ်များ စာပေလေ့လာဖတ်ရှုနိုင်ရေးအတွက် ကလေးစာဖတ်ဝိုင်း ကွင်းဆင်းဆောင်ရွက်ပြီး စာအုပ်များ အခမဲ့ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ယင်းသို့ ကလေးငယ်များ စာပေနှင့် ရင်းနှီးကျွမ်းဝင်မှုရှိပြီး စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်အတွက် ကလေးစာဖတ်ဝိုင်း ကွင်းဆင်းဆောင်ရွက်ရာ၌ ရှေးဦးစွာ မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးမိုးက ကလေးငယ်များအား စာဖတ်ခြင်းမှ ရရှိသည့် အသိ ၊ အလိမ္မာ၊ ဥာဏ်ပညာ ဗဟုသုတ ကြွယ်ဝမှု အကျိုးကျေးဇူးများအကြောင်း အသိပညာပေးခြင်းကို ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးမိုးနှင့် ဝန်ထမ်းများက ကလေးငယ်များ စာပေလေ့လာဖတ်ရှုရန်အတွက် ကလေးဖတ် စာအုပ်၊ စာစောင်များ၊ ဂျာနယ်မျိုးစုံ၊ ကာတွန်း၊ ရုပ်ပြစာအုပ် (၃၅၀)အုပ်ခန့်အား အခမဲ့ ငှားရမ်းပေးပြီး စာဖတ်ဝိုင်းများ ပြုလုပ်ပေးကာ ကလေးငယ်များနှင့် စာဖတ်ခြင်းမှရရှိသည့် အကျိုးကျေးဇူးများအကြောင်း အပြန်အလှန် ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကလေးစာဖတ်ဝိုင်းသို့ ဆင်ဖြူဆိပ်(မြောက်)ဘုန်းတော်ကြီးကျောင်းမှ ယဉ်ကျေးလိမ္မာသင်တန်းသားဦးရေ (၃၀၀)ကျော်ခန့်က စိတ်ဝင်တစား ငှားရမ်းဖတ်ရှုခဲ့ကြကြောင်း သတင်းရရှိပါသည်။

ရဲဝင်းနိုင်(ညောင်ဦး) 

No comments:

Post a Comment