Tuesday, May 9, 2017

စက်သုံးဆီအရောင်းဆိုင်များတရားမ၀င် ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ပလောက်      မေ    
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ ဆင်ထိုးကြီးကျေးရွာ၌ ရောင်းချလျက်ရှိသော စက်သုံးဆီဆိုင်များအား တရားမ၀င် ရောင်းချနေမှု ရှိ/မရှိ၊ ရောင်းချခွင့်ပြုထားသည့် နေရာတွင် ရောင်းချနေခြင်း ရှိ/မရှိတို့ကို မေလ ၉ ရက် နံနက်ပိုင်းက စစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါစစ်ဆေးရာတွင် ပလောက်မြို့မီးသတ်ဦးစီးဌာနမှ လက်ထောက်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များ ပူးပေါင်း၍  စက်သုံးဆီရောင်းချမှု အခြေအနေ၊ စက်သုံးဆီများ မီးဘေးအန္တရာယ် ကင်းရှင်းစွာ ထားရှိမှု ရှိ/မရှိ အခြေအနေနှင့် အရေးပေါ်မီးသတ်ဆေးဗူးများကို စက်သုံးဆီ အရောင်းဆိုင်ပမာဏနှင့် လုံလောက်အောင်ထားရှိမှု ရှိ/မရှိ၊ မီးသတ်ဆေးဗူးများ ကောင်း/မကောင်း စသည်တို့ကို စစ်ဆေးကြည့်ရှု၍ မီးဘေးအန္တရာယ် ကင်းဝေးစေရေး၊ မီးထိတ်လန့်မှု မဖြစ်ပွားစေရေးတို့အား ပညာပေး ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

ပလောက်(ပြန်/ဆက်)

No comments:

Post a Comment