Tuesday, May 9, 2017

ဒီးမော့ဆိုမြို့နယ်တွင် တီဘီလူနာများ ကွင်းဆင်းရှာဖွေကုသခြင်း ဆောင်ရွက်

ဒီးမော့ဆို     မေ    
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန အမျိုးသားတီဘီရောဂါ တိုက်ဖျက်ရေးစီမံကိန်းမှ ပြည်သူလူထုထဲတွင် တီဘီရောဂါလက္ခဏာ သသံယရှိသော လူနာများအား ကွင်းဆင်းရှာဖွေကုသခြင်းကို မေ ၉ နံနက် ၉ နာရီ အချိန်က ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ် ငွေတောင်ကျေးရွာ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၌ ကွင်းဆင်းရှာဖွေကုသ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကွင်းဆင်းအဖွဲ့မှ ရှမ်း-ကယား အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်းမှ ကယားပြည်နယ် တာဝန်ခံ ဦးအောင်ကျော် ဦးဆောင်၍ အဖွဲ့ဝင် (၁၀)ဦးနှင့် မြို့နယ်တီဘီရောဂါတိုက်ဖျက်ရေးဌာနမှ ဝန်ထမ်းများ၊ ကျေးလက်ကျန်းမာရေးဌာနခွဲမှ သူနာပြု၊ သားဖွားဆရာမများပါဝင်ပြီး မြို့နယ်အတွင်းရှိ တီဘီရောဂါလက္ခဏာ သသံယရှိသော လူနာများအား ဓာတ်မှန်ရိုက်ခြင်း၊ သလိပ်စစ်ခြင်းများကို ဆောင်ရွက်ပေးပြီး တီဘီရောဂါတွေ့ရှိပါက ဆေးဝါးကုသမှုခံယူနိုင်အောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
တီဘီလူနာများ ကွင်းဆင်းရှာဖွေကုသခြင်းကို ဇွန်လအတွင်း ဘောလခဲမြို့နယ်တွင် ဆက်လက်ရှာဖွေကုသပေးသွားမည် ဖြစ်ကြောင်း၊ ဒီးမော့ဆိုမြို့နယ်တွင် ငါးနေရာ ကွင်းဆင်းရှာဖွေကာ ဟိုဝမ်၊ လွိုင်နန်းဖ၊ လီဝိုး နှင့် ဒေါတော်ကူးကျေးရွာတို့တွင် ဆောင်ရွက်ပေးခဲ့ပြီး အဆိုပါကျေးရွာများမှ တီဘီရောဂါလက္ခဏာ သသံယရှိသူ ခြောက်ဦး တွေ့ရှိကာ ငွေတောင်ကျေးရွာကို ဆက်လက် ကွင်းဆင်းရှာဖွေကုသဆောင်ရွက်ခြင်းဖြစ်ကြောင်း ကယားပြည်နယ်တာဝန်ခံ ဦးအောင်ကျော်က ပြောကြားသည်။


မြို့နယ် ပြန်/ဆက်

No comments:

Post a Comment