Tuesday, May 2, 2017

လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များ ပျက်စီး



 ဇလွန်       မေ         

ဧရာဝတီတိုင်းဒေသကြီး ၊ ဇလွန်မြို့နယ်အတွင်း မေလ (၁)ရက် ညနေ (၀၅း၁၅)မိနစ်အချိန်ခန့်တွင် ရပ်ကွက်တစ်ခု ၊ ကျေးရွာအုပ်စု(၄)အုပ်စု တို့တွင် လေပြင်းတိုက်ခိုက်မှုကြောင့် လူနေအိမ် (၅၄)လုံးမှာအမိုးလန်ခြင်း ၊ အိမ် (၁၀)လုံးမှာ ပြိုလဲခြင်းများ ဖြစ်ပေါ်ခဲ့ပြီး
၎င်းလူနေအိမ်များမှ လူဦးရေ ကျား(၁၁၀)ဦး ၊ မ (၁၁၁)ဦးတို့သည် လေဘေးသင့်ခံခဲ့ရခြင်း ၊ စာသင်ကျောင်း (၁)ကျောင်း ၊ ဓမ္မာရုံ (၁)ရုံ ၊ နွားတင်းကုတ် (၁)လုံးနှင့် ဈေးဆိုင်ခန်း (၁)ခန်းမှာ ပြိုလဲပြီး (၂)ခန်းမှာ အမိုးလန်ခြင်းများ ဖြစ်ပေါ်ခဲ့သည်။၎င်းဖြစ်ပေါ်ခဲ့သည့် ကျေးရွာအုပ်စုများမှာ အနောက်လေးတူး ၊ အုပ်ရှစ်ကွင်း ၊ စစ်ကွင်း ၊ သရက် (မြောက်) ၊ ညောင်ကုန်း ၊ ကျောင်းစု ၊ အညာစု ၊ သရက်(တောင်) ၊ ကြပ်ကြီး ၊ ညောင်ပင်ဈေး ၊ စက်ကြီးအရှေ့ ၊ ဆင်ကုန်း ၊ အုတ်ရှစ်ကွင်း ၊ အုန်းပင်စုကျေးရွာတို့ ဖြစ်ပြီး လေပြင်းဖြစ်ပွားမှုနှင့် ပတ်သက်၍ လူနှင့် တိရစ္ဆာန်များ ထိခိုက်ဆုံးရှုံးမှုမရှိပါ။
၎င်းနေရာများသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်ထွန်း ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲမှူးသန်းဌေး ၊ မြို့နယ် မီးသတ်ဦးစီးမှူး ဦးရန်လင်းထွဋ်နှင့် ဌာနဆိုင်ရာ အကြီးအကဲများမှ သွားရောက်ပြီး ပြိုလဲအိမ် မိသားစုများအား ယာယီနေနိုင်ရေးအတွက် စီစဉ်ဆောင်ရွက် နေကြောင်းသိရသည်။

(ငွေသန်း)  ပြန် / ဆက်

No comments:

Post a Comment