Tuesday, May 2, 2017

မြစ်သားမြို့ လေးဘေးသင့်ပြည်သူများအား ထောက်ပံ့ကြေးများပေးအပ်



မြစ်သားမေ ၁
မနလေးတိုင်းဒေသကြီး မြစ်သားမြို့တွင် ဧပြီ ၂၉ရက်နေ့က ဖြစ်ပွားခဲ့သော သဘာဝလေဘေးဒဏ်ကြောင့် သေဆုံးသူ တစ်ဦးနှင့် ဒဏ်ရာရရှိသူနှစ်ဦးအား မေ ၁ရက်နေ့က သက်ဆိုင်သူများ လက်ဝယ်အရောက် ထောက်ပံ့ကြေးများ ပေးအပ်ခဲ့ကြောင်း သိရသည်။

သဘာဝလေဘေးဒဏ်ကြောင့် သေဆုံးခဲ့သော အင်းရင်းကျေးရွာအုပ်စု၊ ဆင်ခြံကျေးရွာနေ ဦးဝင်းကျော် အတွက် မနလေးတိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ (၃)သိန်းကျပ်၊ မြို့နယ်ဌာနဆိုင်ရာများက (၁)သိန်းကျပ်ကိုလည်းကောင်း၊ ကျောက်ဆည်ဆေးရုံတွင် ဆေးကုသမှုခံယူနေသော လမ်းခွကျေးရွာအုပ်စုမှ ဒဏ်ရာရရှိသူ(၂)ဦးအား ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနမှ (၅)သောင်းကျပ်၊ မြို့နယ်ဌာန ဆိုင်ရာများက (၅)သောင်းကျပ်၊ တစ်ဦးလျှင်(၁)သိန်းကျပ်စီကို မနလေးတိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးနေမျိုးထွန်းနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးနိုင်တို့က သက်ဆိုင်သူများ လက်ဝယ်အရောက် သွားရောက်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
ရဲဝင်းထွန်း(မြစ်သား)

No comments:

Post a Comment