Wednesday, May 3, 2017

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အီတလီနိုင်ငံ ရောမမြို့သို့ ရောက်ရှိ


အီတလီ (ရောမ) မေ 
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှ  လေကြောင်းခရီးဖြင့် ထွက်ခွာရာ ယနေ့ ဒေသစံတော်ချိန်   မွန်းလွဲ ၁ နာရီခွဲတွင် အီတလီနိုင်ငံ ရောမမြို့သို့ ရောက်ရှိကြ သည်။


နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား အီတလီနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမြင့်နောင်နှင့် ဇနီး၊ အီတလီနိုင်ငံခြားရေးဝန်ကြီးဌာန၊ သံတမန်ရေးရာဌာနမှ အကြီးတန်း အရာရှိ Mr. Andrea  Cavalari နှင့် သံရုံးဝန်ထမ်းများက ရောမမြို့ Fiumicino အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။ 

No comments:

Post a Comment