တာချီလိတ် မေ ၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့တွင် မော်ကွမ်ဒေသဖွံ့ ဖြိုးတိုးတက်ရေးအဖွဲ့နှင့် သုတဒါန
အသိ ပညာဖွံ့ဖြိုးရေးအဖွဲ့တို့ ပူးပေါင်းစီစဉ်သည့်
အဓမ္မအလုပ်ခိုင်းစေမှု ပပျောက်ရေးဆိုင်ရာ အသိပညာပေးအလုပ်ရုံ ဆွေးနွေးပွဲကို မေ ၃ ရက်၊ နံနက် ၉ နာရီက
ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ Community Centre ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သုတဒါနအသိပညာ ဖွံ့ဖြိုးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစစ်ခိုင်ထွန်း
က အသိပညာပေးအလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်းနှင့်ပတ်သက်၍
ရှင်းလင်းပြောကြားပြီး၊ ကျိုင်းတုံမြို့ မော်ကွမ်ဒေသဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ စီမံကိန်း
ညှိနှိုင်းရေးမှူး ဒေါ်နန်းဝိုးဖတ်က အဓမ္မအလုပ်ခိုင်းစေမှု အဓိပ္ပါယ်ဖွင့်ဆိုချက်နှင့်
လက်ရှိ အနေအထားများ၊ ရွှေ့ပြောင်းအလုပ်သမားများဆိုင်ရာ အခွင့်အရေးများ၊ အလုပ်သမားဥပဒေများအား
ရှင်းလင်း ဆွေးနွေးခဲ့သည်။
ထို့နောက် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာသည့် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများမှ အရပ်ဖက် လူမှုအဖွဲ့အစည်းများ၊
ကျေးရွာများမှ လူငယ်များက အုပ်စုလိုက် အဖွဲ့ခွဲ၍
ဆွေးနွေးခဲ့ကာ အသိပညာပေးဗွီဒီယိုပြသ ခြင်းနှင့်
အဓမ္မအလုပ်ခိုင်းစေမှု ပပျောက်ရေးဆိုင်ရာ မီဒီယာပညာပေးရုပ်ပုံများဖြင့် အသိပညာမြှင့်တင်ခြင်း အစီအစဉ်များ ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တာချီလိတ် (ခရိုင်ပြန်/ဆက်)
No comments:
Post a Comment