Friday, May 5, 2017

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဗြိတိန်နိုင်ငံ တော်ဝင်အိမ်ရှေ့စံဝေလမင်းသားချားစ်၊ ဘုရင်မကြီး အဲလိဇဘတ်တို့နှင့် သီးခြားစီတွေ့ဆုံ



  လန်ဒန်   မေ 
ဗြိတိန်နိုင်ငံ လန်ဒန်မြို့၌ တရားဝင်ခရီးရောက်ရှိနေသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိန်နိုင်ငံ တော်ဝင်အိမ်ရှေ့စံဝေလ မင်းသားချားစ် နှင့် ကြင်ယာတော်မင်းသမီး Duchess Cornewallတို့နှင့်ယနေ့ ဒေသစံ တော်ချိန်မွန်းတည့် ၁၂နာရီတွင်  Clarence House၌ ရင်းနှီးခင်မင်စွာ တွေ့ဆုံသည်။


တွေ့ဆုံပွဲသို့ ဒုတိယ၀န်ကြီး ဦးကျော်တင်နှင့် ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံ အမတ်ကြီး ဦးကျော်စွာမင်းတို့တက်ရောက်ကြသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဗြိတိန်နိုင်ငံ ဘုရင်မကြီး အဲလိဇဘတ် နှင့် ယနေ့ ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီတွင် Buckinghamနန်းတော်၌ ရင်းရင်းနှီးနှီးတွေ့ဆုံသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား ဗြိတိန်နိုင်ငံ ဘုရင်မကြီး အဲလိဇ ဘတ်က ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံသည်။

No comments:

Post a Comment