Thursday, May 18, 2017

လေပြင်းများတိုက်ခတ်၍ နေအိမ်အချို့ အမိုးလန် ပြိုလဲပျက်စီးခြင်းကို ကျေးလက်နေပြည်သူများ ကူညီဆောင်ရွက်

ပေါက် မေ ၁၈
မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်၌  မေ ၁၆ ရက် ညနေ ၄ နာရီ ၁၀ မိနစ်ခန့်က မိုးရွာသွန်းပြီး လေပြင်းများတိုက်ခတ် ခြင်းကြောင့် တောင်ဘက်ကျေးရွာအုပ်စု တောင်ဘက်ကျေးရွာ၌ နေအိမ် (၄) လုံး အမိုးလန်ပျက်စီးခြင်း အလားတူ ဇီးတောကျေးရွာ၌ နေအိမ်(၃)လုံးပြိုလဲပျက်စီးခြင်း၊ နေအိမ်(၁၁)လုံးမှာအမိုးလန် ပျက်စီးခြင်းနှင့်အတူ အမှတ်(၁၅၁) အမကမူလွန်ကျောင်း အမိုးလန်ပျက်စီးဆုံရှုံးခဲ့သော်လည်း လူနှင့်တိရိစ္ဆာန်များထိခိုက်ဒဏ်ရာ မရရှိခဲ့ကြောင်း သိရသည်။

အဆိုပါအဆောက်အဦ ပြိုလဲပျက်စီးမှုများ ကျေးလက်နေပြည်သူများက ဝိုင်းဝန်းကူညီဆောင်ရွက်ခြင်းကို ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဆောင်မှုဖြင့် မိသားစုဝင်များကို နီးစပ်ရာဆွေမျိုးများ၏ နေအိမ်များတွင် ခေတ္တတည်းခိုရန် နေရာချထား ပေးပြီး နေအိမ်အချို့ကို အမြန်ဆုံးပြီးစီးအောင် ကျေးလက်နေပြည် သူများမှ အင်တိုက်အားတိုက် ဝိုင်းဝန်းကူညီ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဉာဏ်တိုး(ပေါက်)

No comments:

Post a Comment