Wednesday, May 17, 2017

ပြည်ထောင်စုရှေ့နေချုပ် ပြည်ပမှ ဥပဒေပညာရှင်အဖွဲ့များ အား လက်ခံတွေ့ဆုံ


နေပြည်တော် မေ ၁၇
ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် ယနေ့ နံနက် ၁၀ နာရီတွင် UNDP နှင့် My Justice တို့မှ တာဝန် ရှိသူများနှင့် လည်းကောင်း၊ မွန်းလွဲ ၂ နာရီတွင် My Justice Programme Team Leader နှင့် International Bridges to Justice(IBJ) အဖွဲ့မှ တာဝန်ရှိသူတို့အား ပြည်ထောင်စုရှေ့နေချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

UNDP၊ My Justice တို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ်တရားဥပဒေ စိုးမိုးရေးဌာနနှင့် တရားမျှတမှု ဆိုင်ရာ လုပ်ငန်းများ ပေါင်းစပ် ညှိနှိုင်းရေးအဖွဲ့၏ အကြံပေးအဖွဲ့ ဖွဲ့စည်းရန်နှင့် လုပ်ငန်းတာဝန်များ သတ်မှတ်ရေးနှင့် စပ်လျဉ်း၍ လည်းကောင်း၊ My Justice Programme Team Leader ဖြစ်သူ Ms. Caitlin Reiger နှင့် IBJ မှ တာဝန်ရှိသူများအား လက်ခံတွေ့ဆုံစဉ် Justice Centres များ တိုးချဲ့မည့်ကိစ္စရပ်များ၊ IBJ မှ  My Justice နှင့် ပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ကိစ္စရပ်များကို ဆွေးနွေးကြသည်။ 
(သတင်းစဉ်)

No comments:

Post a Comment