Friday, May 12, 2017

၂၀၁၇ ခုနှစ် အပြည်ပြည်ဆိုင်ရာသားဖွားဆရာမများနေ့ နှင့် အပြည်ပြည်ဆိုင်ရာသူနာပြုများနေ့ အထိမ်းအမှတ်အခမ်းအနား လားရှိုးမြို့တွင်ကျင်းပ

 လားရှိုး   မေ   ၁၂

၂၀၁၇ ခုနှစ် အပြည်ပြည်ဆိုင်ရာသားဖွားဆရာမများနေ့ နှင့် အပြည်ပြည်ဆိုင်ရာသူနာပြုများနေ့ အထိမ်းအမှတ် အခမ်းအနားကို မေလ ၁၂ ရက်နေ့ နံနက်(၉)နာရီအချိန်က လားရှိုးမြို့ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် သူနာပြုနှင့်သားဖွားသင်တန်းကျောင်းမှ သူနာပြုနှင့်သားဖွားသင်တန်းသား၊ သင်တန်းသူများက ဂုဏ်ပြုသီချင်းဖြင့် သီဆိုပြီး အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့သည်။

ထို့နောက် ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးမြင့်သန်း ကအဖွင့်အမှာစကားပြောကြားပြီးရှမ်းပြည်နယ်(လားရှိုး) သူနာပြုနှင့်သားဖွားအသင်းနာယက ပြည်နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာတင်မောင်ညွှန့် က အမှာစကားပြောကြားသည်။

ယင်းနောက် မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားအသင်း ဥက္ကဌပါမောက္ခ ဒေါ်ရင်မြထံမှ ပေးပို့သည့် ၂၀၁၇ ခုနှစ် မေလ(၅)ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာသားဖွားဆရာမများနေ့ နှင့် မေလ(၁၂)ရက်နေ့တွင် ကျရောက်သောအပြည်ပြည်ဆိုင်ရာသူနာပြုများနေ့ သ၀ဏ်လွှာကို ရှမ်းပြည်နယ်(လားရှိုး) သူနာပြုနှင့် သားဖွားအသင်းဥက္ကဌ ၊ပြည်နယ်ကုသရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး (သူနာပြု) ဒေါ်အေးအေးမြင့် ကဖတ်ကြားခဲ့သည်။

ထို့နောက် အငြိမ်းစားဆေးရုံအုပ်ကြီးဒေါက်တာဒီပတ်က သက်ကြီးသူနာပြုများအနက် အသက်အရွယ် အကြီးဆုံးဖြစ်သော သူနာပြုဆရာမကြီးနှစ်ဦးအား ဂုဏ်ပြုလက်ဆောင်ပေးအပ်ခြင်း၊ တာဝန်ရှိသူများကရှမ်းပြည်နယ်(လားရှိုး) သူနာပြုနှင့်သားဖွား၊ အမျိုးသမီးကျန်းမာရေးဆရာမများ၏ ထူးချွန်ဆုရရှိခဲ့သည့် သားသမီးများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခြင်း၊၂၀၁၇ ခုနှစ် ၊ထူးချွန်အခြေခံကျန်းမာရေး ၀န်ထမ်းများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

အခမ်းအနားအပြီးတွင် ဒုတိယပိုင်းအစီအစဉ်အဖြစ် သက်ကြီးသူနာပြု/သားဖွားဆရာမကြီး(အငြိမ်းစား) (၅၀)ဦးအား ပူဇော်ကန်တော့ခဲ့ကြကြောင်း သတင်းရရှိသည်။


ပြည်နယ် ပြန်/ဆက်

No comments:

Post a Comment