Friday, May 12, 2017

အနာဂတ်ပညာရေးအတွက် အထောက်အထားအခြေပြု အမျိုးသားစီမံကိန်းရည်မှန်းချက် ပန်းတိုင်းကိုပေါက်မြောက် အောင်မြင်စေမည့် မဟာဗျူဟာမြောက် အပြောင်းအလဲ(၉)ရပ် စတင်ဆောင်ရွက်မှုအခြေအနေအားရှင်းလင်း

မိတ္ထီလာ   မေ   ၁၂
ကျောင်းများနှင့် ပညာသင်ယူရာဌာနအားလုံးတွင် ကျောင်းသားများ၏ သင်ယူတက်မြောက်မှုများ သိသာထင်ရှားစွာ တိုးတက်ရေးကို ဦးတည်သည့် ပိုမိုတိုးတက်ကောင်မွန်သောသင်ကြားသင်ယူမှု၊ သက်မွေးပညာရေးနှင့် လေ့ကျင့်ရေး၊ သုတသနနှင့် ဆန်းသစ်တီထွင်မှုများ ဖြစ်ထွန်းလာစေရေးအတွက် မဟာဗျူဟာစီမံကိန်းစတင်ဆောင်ရွက်မှုအခြေအနေအား ရှင်းလင်းပွဲကို မေလ ၁၂ ရက်နေ့ နံနက် ၈နာရီက ကန်တော်မင်္ဂလာခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်ဝေသုံကအမှာစကားပြောကြားပြီး အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း(၂၀၁၆-၂၀၂၁)ပြုစုခဲ့ရာပုံနှင့် စတင်အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများကို အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်းရေးဆွဲရေးလုပ်ငန်းလက်ထောက်မန်နေဂျာဒေါ်ဥမ္မာသိန်းကရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ကလေးသူငယ်တိုင်း အရည်အသွေးရှိ မူကြိုနှင့် သူငယ်တန်း KG ပညာသင်ယူခွင့် ရရှိခြင်းဖြင့် ၎င်းတို့၏ လေ့လားသင်ယူမှုလမ်းကြောင်းတစ်လျှောက်လုံးအတွက် အစကောင်းစေပြီးအရည်အသွေးရှိပညာကိုသင်ယူခွင့်ရရှိ၍ အတန်းစဉ်အဆင့်ဆင့် ဆက်လက်သင်ယူပြီးမြောက်နိုင်မည်ဖြစ်ရာမိမိဘဝနှင့် ဆီလျော်ပြီး မြန်မာနိုင်ငံ၏ ၂၁ရာစုလူမှုစီးပွားရေး အခြေအနေအရလိုအပ်သည့် အသိပညာကျွမ်းကျင်မှုများ၊သဘောထားများနှင့် တက်ကျွမ်းမှုများဖွံ့ဖြိုးတက်စေရန် သင်ယူတက်မြောက်မှု တိုးတက်မြင့်မားရေးအတွက် အရည်အသွေးကောင်းမွန် သောပညာရည်စစ်ဆေးအကဲဖြတ်မှု စနစ်သစ်တစ်ရပ်ကိုဆရာများနှင့် ပညာရေးစီမံခန့်ခွဲသူများကအကောင် အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်းအဖွဲ့ဝင် ဒေါ်အိအိခိုင်က ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ စီမံကိန်းအဖွဲ့ဝင်ဒေါ်ခင်ယုံကလည်း ကျောင်းသားအားလုံး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ဆရာနှင့်ကျောင်းသား အပြန်အလှန် ဆက်သွယ်မှုရှိသည့်သင်ကြားသင်ယူမှုကိုဆရာများကအသုံးပြု၍ ကျောင်းသားများကိုပံ့ပိုးကူညီမည်ဖြစ်ရာ ပညာသင်ယူသူများအနေဖြင့် ဘဝတစ်သက်တာသင်ယူမှုနှင့် အလုပ်အကိုင် မျှော်မှန်းချက်များပေါက်မြောက်အောင်မြင်စေရန် အရည်အေသွးအာမခံမှုရှိပြီးအသိအမှတ်ပြုထားသောကျောင်းပြင်ပနှင့် တစ်သက်တာအစီအစဉ်များဖြင့် နည်းပညာနှင့် သက်မွေး၊ ပညာရေးနှင့် လေ့ကျင့်ရေးများကိုရှင်းလင်းပြောကြားခဲ့ပြီးကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေး ဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန့်ဇင်ထွန်းကအမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း(၂၀၁၆-၂၀၂၁)ကို အကောင်အထည်ဖော်ရာတွင် လိုအပ်သည်များကို ကြီးကြပ်ကူညီပံ့ပိုးပေးနိုင်ရန် စီမံကိန်းစာအုပ်များကိုခရိုင်ပညာရေးမှူး ဒေါက်တာကျော်လွင်နှင့် မြို့နယ်ပညာရေးမှူး ဒေါ်အိအိခိုင်တို့အားပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

ခရိုင် (ပြန်/ဆက်)

No comments:

Post a Comment