Monday, May 8, 2017

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁ ရာစု ပင်လုံ) လုပ်ငန်းကော်မတီ အစည်းအဝေးများ ဆက်လက်ကျင်းပ



နေပြည်တော် မေ ၈

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစု ပင်လုံ လုပ်ငန်းကော်မတီ အစည်းအဝေး များကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် ၀ဏ္ဏသိဒ္ဓိရပ်ကွက်ရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟို ဌာန၏ သတ်မှတ်နေရာ အသီးသီးတွင် ဆက်လက် ကျင်းပရာ အစိုးရ အစုအဖွဲ့၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အစုအဖွဲ့၊ အနိုင်ရ နိုင်ငံရေးပါတီများ အစုအဖွဲ့တို့မှ လုပ်ငန်းကော်မတီဝင်များ တက်ရောက် ကြသည်။


အခြေခံမူများ ဆွေးနွေး

နိုင်ငံရေးကိစ္စရပ်များ ဆွေးနွေးမှု လုပ်ငန်းကော်မတီ အစည်းအဝေးကို သတ်မှတ်နေရာ၌ ကျင်းပရာ ဦးခင်ဇော်ဦးနှင့် ဒေါက်တာ လျန်မှုန်းဆာခေါင်း တို့က ဦးဆောင်၍ ဗိုလ်မှူးချုပ် တင်အောင်၊ ဗိုလ်မှူးချုပ် လှသန်းမောင် ကိုယ်စား ဒုတိယဗိုလ်မှူးကြီးဝင်းမြိုင်၊ ဦးဌေးဝင်းအောင်၊ ဦးအောင်လွင်ဦး၊ ဒေါက်တာစိုင်းဦး၊ စောအယ်ကလူစေး၊ စောစံ ငြိမ်းသူ၊ စောကူးကူ၊ ဦးဇမ်ဇမုန်၊ စိုင်းဘိုးအောင်၊ ဒေါက်တာတူးဂျာနှင့် ဦးအောင် ကြည်ညွန့် တို့က နိုင်ငံရေးဆိုင်ရာ အခြေခံရမည့် မူများအား ဆွေးနွေးကြသည်။

ဆက်လက်ဆွေးနွေး

ထို့ပြင် စီးပွားရေး ကိစ္စရပ်များ ဆွေးနွေးမှု လုပ်ငန်းကော်မတီ၌ ဦးလှမောင်ရွှေ၊ ဒေါ်စောမြ ရာဇာလင်းနှင့် မင်းကျော်ဇေယျာဦး တို့က ဦးဆောင်၍ ဗိုလ်မှူးချုပ်သိုက်စိုး၊ မိကွန်ချမ်း၊ ဆလိုင်းထလာဟေး၊ ပဒိုစောတာဒိုမူး၊ စိုင်းလျန်း၊ ခွန်တင်ရွှေဦး၊ ဦးထွန်းနိုင်၊ ဦးသိန်းထွန်း၊ ဦးမားကို့စ်နှင့် ဦးသာထွန်းလှ တို့က စီးပွားရေးကဏ္ဍ၌ ရှမ်းပြည်နယ်မှ တင်သွင်းလာသည့် စာတမ်းအပေါ် ဆက်လက်ဆွေးနွေးကြသည်။

စာတမ်းများ သုံးသပ်

အလားတူ လူမှုရေးကိစ္စရပ်များ ဆွေးနွေးမှု လုပ်ငန်းကော်မတီ၌ ဦးဇော်ဌေး၊ ဦးစိုင်းလနှင့် ဦးနိုင်ငံလင်း တို့က ဦးဆောင်၍ ဗိုလ်ချုပ်နေလင်း၊ ဒေါ်ဇင်မာအောင်၊ ဦးနိုင်ဆွေဦး၊ ဒေါက်တာ စန်းစန်းအေး၊ စောဆဲဗွယ်၊ ခွန်သောမက်စ်၊ ဒေါ်အေးသီတာမြင့်၊ ဦးတင်ဆွေ၊ ဦးဆမ်းဆောင် ကားနှင့် ဦးရွှေမင်း တို့က ကရင်ပြည်နယ်နှင့် ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တို့မှ တင်သွင်း လာသည့် စာတမ်းများအား သုံးသပ်ဆွေးနွေးကြသည်။

အခြေခံမူများ

အလားတူ လုံခြုံရေး ကိစ္စရပ်များ ဆွေးနွေးမှု လုပ်ငန်းကော်မတီ၌ ဗိုလ်ချုပ်စိုးနိုင်ဦး၊ ဦးမျိုးဝင်းနှင့် ဦးတာလှဖေတို့က ဦးဆောင်၍ ဗိုလ်ချုပ်တင်မောင်ဝင်း၊ ဗိုလ်မှူးချုပ်စိန်ထွန်းလှ၊ ဦးအင်ထုံးခါးနော်ဆမ်၊ ဦးကျော်ကျော်ဟန်၊ ပဒိုစောတာမူလာ၊ ပူးထက်နီ၊ ခွန်ဥက္ကာ၊ ဒေါက်တာ အောင်မြတ်ဦး၊ ဦးစောထွန်းအောင်မြင့်၊ ဦးမြင့်နိုင်နှင့် ဒေါ်နန်းခင်စိန်မြင့် တို့က နိုင်ငံတော် ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များ ခေါင်းစဉ်အောက်မှ ကာကွယ်ရေးဆိုင်ရာ အခြေခံမူများ နှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။ 

ဖက်ဒရယ် မြေယာမူဝါဒ

ထို့အတူ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးမှု လုပ်ငန်း ကော်မတီ၌ ဦးအောင်စိုးနှင့် ခွန်မြင့်ထွန်း တို့က ဦးဆောင်၍ ဗိုလ်မှူးချုပ် အောင်သိန်းဦး၊ ဦးစိုးဝင်း၊ ဦးဇော်မင်းလတ်၊ ဒေါက်တာဝါ၀ါမောင်၊ ဦးဆန်နီ၊ စောဒဲနရယ်၊ နော်ခူးခူဂျူး၊ စိုင်းစိုင်းငင်း၊ ဒေါ်ဒွဲဘူ၊ ဦးလှခိုင်၊ ခွန်ထွန်းရွှေနှင့် ဦးအိုက်ဆောတို့က ဖက်ဒရယ်စနစ် နှင့်သက်ဆိုင်သော မြေယာမူဝါဒများအား ဆွေးနွေးကြသည်။

လုပ်ငန်းကော်မတီအလိုက် အစည်းအဝေးများကို မေ ၉ ရက်တွင် ဆက်လက် ကျင်းပသွားမည် ဖြစ်သည်။

သူရဇော်(သတင်းစဉ်)

No comments:

Post a Comment