နေပြည်တော်
မေ ၈
မြန်မာနိုင်ငံသူနာပြုနှင့်
သားဖွားအသင်းက ကျင်းပသော ၂၀၁၇ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သားဖွား ဆရာမများနေ့ အထိမ်းအမှတ်
အခမ်းအနားကို မေ၇ ရက် နံနက်ပိုင်းတွင် သူနာပြု တက္ကသိုလ်(ရန်ကုန်)၌ ကျင်းပရာ ကျန်းမာရေး
နှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက် အမှာစကား ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက
သူနာပြုနှင့် သားဖွား ဆရာမများနှင့် ပတ်သက်လျင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊
မြန်မာနိုင်ငံ သူနာပြုနှင့် သားဖွားအသင်း၊ မြန်မာနိုင်ငံ သူနာပြုနှင့် သားဖွားကောင်စီတို့သည်
အမြဲမပြတ်ထိ တွေ့နေပြီး၊ သူနာပြုနှင့် သားဖွား ဆရာမများ အကျိုးအတွက် ဆောင်ရွက်နေရမည်
ဖြစ်ပါကြောင်း၊ သူနာပြုနှင့် သားဖွားဆရာမများ၏ လုပ်ငန်းခွင် အဆင်ပြေ ချောမွေ့စေရေးကို
အမြဲတမ်း စဉ်းစားပေးလျက်ရှိပါကြောင်း၊ အထူးသဖြင့် သားဖွားဆရာမများ ဖြည်းတင်း ရသော စာရင်းဇယား များကို
ပြန်လည်ဆန်းစစ်ပြီး အဓိကလိုအပ်သည့် စာရင်းဇယားပုံစံများကိုသာ ဆက်လက်ဖြည့်တင်း စေမည်ဖြစ်သည့်
အတွက် သူနာပြုနှင့်သားဖွား ဆရာမများ အလုပ်ဝန်ပိမှုမှ သက်သာသွားမှာ ဖြစ်ပါကြောင်း၊
သူနာပြုနှင့်
သားဖွားဆရာမများ အရည်အသွေး မြှင့်တင်ရေး အတွက်လည်း Skills Lab များကို ကူညီ ဆောင်ရွက်
ပေးကြသည့် USAID နှင့် Jhpiego အဖွဲ့ကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်း၊ သူနာပြုနှင့်
သားဖွားဆရာမများ၏ လုပ်ငန်းခွင်တွင် အဆင်ပြေမှုရှိမရှိ ၊ သူနာပြုနှင့် သားဖွားဆရာမများ၏
တက်လမ်း အစရှိသည်တို့ကို သုတေသနတစ်ခု ပြုလုပ်ပြီး တွေ့ရှိချက်များပေါ် မူတည်၍ တတ်နိုင်သမျှ
ကူညီ ထောက်ပံ့ပေးသွားမှာ ဖြစ်ပါကြောင်း၊ သူနာပြုနှင့်သားဖွား ဆရာမများ၏ တက်လမ်းအတွက်
ရာထူးနေရာများ စဉ်းစား ဆောင်ရွက်လျက် ရှိနေပါကြောင်း၊ သားဖွား ဆရာမများ၏ ဘဝတက်လမ်းအတွက်
(Bachelor) ဘွဲ့များ လည်း ပေးအပ်သွားနိုင်ရန် ဆွေးနွေးလျက်ရှိပါကြောင်း၊
သူနာပြုနှင့်
သားဖွားဆရာမများ လုပ်ငန်းခွင်တွင် အဆင်ပြေ ချောမွေ့စွာ ဆောင်ရွက်နိုင်စေရေး၊ သူနာပြုနှင့်
သားဖွားဆရာမများ၏ အရည်အသွေး တိုးတက်ရေးနှင့် ဘဝတက်လမ်းအပြင် သူနာပြုနှင့်သားဖွားဆရာမများ
၏လိုအပ် ချက်များကို ရှုထောင့်ပေါင်းစုံမှ ကြည့်ရှု့လေ့လာကာ ထောက်ပံ့ပေးသွားရန်အတွက်
ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဌာနအနေဖြင့် ဆောင်ရွက်လျက်ရှိနေ ပါကြောင်းဖြင့် ပြောကြားသွားသည်။
ထို့နောက်
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီးက အမှာစကား ပြောကြားပြီး၊ Jhpiego
အဖွဲ့မှ ဒေါက်တာ ကျော်ကျော်ချိုက ရှင်းလင်းတင်ပြသည်။
ယခု
၂၀၁၇ခုနှစ်၊ အပြည်ပြည် ဆိုင်ရာ သားဖွားဆရာမများနေ့ ဆောင်ပုဒ်မှာ “ မိခင်ကလေး ကျန်းမာဖို့
ထူးခြား အလေး ထားစောင့်ရှောက်လို့၊ သားဖွားဆရာမများ စွမ်းဆောင်စို့ ” ဖြစ်သည်။
(သတင်းစဉ်)
No comments:
Post a Comment