Friday, May 5, 2017

ကော့သောင်းတွင် (၇၁) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနား ကျင်းပ

ကော့သောင်း  မေ ၅ ရက်
ကော့သောင်းမြို့ တွင် (၇၁) နှစ်မြောက်မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ နေ့ အခမ်းအနားအား မေလ ၅ ရက် နေ့ နံနက်ပိုင်းက ကော့သောင်းမြို့နယ် ၊ မြို့နယ်မီးသတ်တပ်ဖွဲ့စခန်း၊ ခန်းမ ပြုလုပ်ကျင်းပရာ၊
လွှတ်တော်ကိုယ်စားလှယ်များ ၊ ကော့သောင်းခရိုင်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ၊ မြို့ပေါ်နှင့် ကျေးရွာများမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့သည်။
အခမ်းအနားတွင်  ကော့သောင်းခရိုင်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်သိန်းမောင်က (၇၁) နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ နေ့ အခမ်းအနား ဂုဏ်ပြု မိန့်ခွန်း ပြောကြားခဲ့သည်။
ဆက်လက်၍ တပ်ဖွဲ့နေ့အထိမ်းအမှတ်အဖြစ် တာဝန်ရှိသူများမှ အဆင့်မြှင့်ရှာဖွေ ကယ်ဆယ်ရေး သင်တန်းပထမဆုရရှိသူ နှင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ အခြေခံမီးသတ်သင်တန်းထူးချွန် ဒုတိယဆုရရှိသူ မီးသတ်တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုဆုများ အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။

ကျော်စိုး(ကော့သောင်း)

No comments:

Post a Comment