Friday, May 5, 2017

(၇၁)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနား ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ ကျင်းပ

 မြစ်ကြီးနား    မေ    ၅
(၇၁)နှစ်မြောက်မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို မေလ ၅ ရက်နေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ သီတာရပ်ကွက် ငြိမ်းချမ်း သာယာ ဘောလုံးကွင်းအတွင်း၌ ကျင်းပရာ ရှေးဦးစွာ ကချင်ပြည်နယ်မီးသတ် တပ်ဖွဲ့ဝင်များက စစ်ကြောင်းပုံစံဖြင့် ပြည်နယ်ဝန်ကြီးချုပ်အား ချီတက် အလေးပြုကြပြီး နိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများကို အလေးပြုကြကာ မီးသတ်တပ်ဖွဲ့ သစ္စာအဓိဌာန်(၄)ချက်ကို ရွတ်ဆိုခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာခက်အောင် (၇၁)နှစ်မြောက် မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့နေ့ မိန့်ခွန်းပြောကြားပြီး မီးသတ်တပ်ဖွဲ့ဝင်များက တပ်ဖွဲ့ဝင်များ၏ စွမ်းရည်နှင့် ရှာဖွေကယ်ဆယ်ရေး၊ မီးငြိမ်းသတ်ရေးစွမ်းရည်တို့ကို ပါဝါကတ်တာဖြင့် သရုပ်ပြခြင်း၊ Lifiting Bag ဖြင့် လူနာကယ် ထုတ်ပြသခြင်း၊ ဆီမီးလောင်မှု၊ ကားမီးလောင်မှု၌ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းနှင့် မီးငြိမ်းသတ်မှု၊ ရောင်စုံရေလုံးများဖြင့် အလှပြပက်ဖြန်းမှုတို့ကို သရုပ်ပြသခဲ့ကြသည်။
ယင်းနောက် လက်ရွေးစင် တပ်ဖွဲ့ဝင်အမျိုးသား/ အမျိုးသမီးများက ၀တ်စုံဝတ်ပြိုင်ပွဲ၊ မီးသတ်စက်ကြီးနှင့် မီးသတ်စက်လေး တို့ဖြင့် မီးငြိမ်းသတ်စွမ်းရည်ပြိုင်ပွဲတို့ကို ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသည့် တပ်ဖွဲ့ဝင်များနှင့် တပ်စုများကို ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်လုံခြုံရေးနှင့်နယ် စပ်ရေးရာဝန်ကြီးနှင့် ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးတို့က ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ ကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)

No comments:

Post a Comment