Friday, May 5, 2017

လေပြင်းတိုက်ခတ်မှုကြောင့်အမိုးလန်ပျက်စီးသူများအားထောက်ပံ့

မယ်စဲ့ မေ ၅
ကယားပြည်နယ်ဘောလခဲခရိုင် မယ်စဲ့မြို့နယ်၌ လေပြင်းတိုက်ခတ်မှုကြောင့် ထွေ/အုပ်ဝန်ထမ်းအိမ်ရာ(၄)ခန်းတွဲ အမိုးလန်ပျက်စီးမှုနှင့် ဝမ်ကန်ကျးရွာရှိ နေအိမ်တစ်လုံး အမိုးလန်ပျက်စီးသွားသည့် အိမ်ထောင်စုများအား ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်ပွဲကို မေ၅ရက်က မယ်စဲ့မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယားပြည်နယ်၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူးဦးဂျေရောလမို့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းအိမ်ရာ(၄)ခန်းတွဲ အမိုးလန်ပျက်စီးသွားသော ဝန်ထမ်းလေးဦးအတွက် ကယ်ဆယ်ရေးပစ္စည်းငါးမျိုးနှင့် တစ်ဦးလျှင် ဆန်ခုနစ်ရက်စာဆန်ရိက္ခာဖိုးကျပ်၈၄၀၀၊ ဝမ်ကန်ကျေးရွာရှိ အမိုးလန်ပျက်စီးသွားသော နေအိမ်တစ်လုံးအတွက် ကယ်ဆယ်ရေးပစ္စည်းခြောက်မျိုး၊ ခုနစ်ရက်စာဆန်ရိက္ခာဖိုး ကျပ်၆၃၀၀ နှင့် အိမ်ဆောက်ပစ္စည်းတန်ဖိုးကျပ်တစ်သိန်းကို လေဘေးသင့်ပြည်သူများ၏ လက်ဝယ်သို့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
ဝတ်ရည်(ပြန်/ဆက်)


No comments:

Post a Comment