Tuesday, May 30, 2017

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အိန္ဒိယတပ်မတော် ကြည်းတပ်ဦးစီးချုပ်အား လက်ခံတွေ့ဆုံ



နေပြည်တော် မေ ၂၉
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အိန္ဒိယတပ်မတော် ကြည်းတပ်ဦးစီးချုပ် General Bipin Rawat အား ယနေ့နံနက် ၁၀ နာရီ မိနစ် ၄၀ တွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံ သည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဖော်ဆောင်မှုနှင့် တပ်မတော်၏ နိုင်ငံတည်ငြိမ် အေးချမ်းရေး အတွက် ရပ်တည် လုပ်ဆောင်မှု အခြေအနေများ၊ နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်အကြား ဆက်ဆံမှု မြှင့်တင်ရေး အတွက် အပြန်အလှန် ချစ်ကြည်ရေး ခရီးစဉ်များ၊ လေ့ကျင့်ရေး သင်တန်းများ၊ တပ်မတော် အားကစားနှင့် ဆေးဘက်ဆိုင်ရာများတွင် ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေး ကိစ္စရပ်များ၊ နှစ်နိုင်ငံ နယ်စပ်ဒေသ လုံခြုံရေး၊ တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး အတွက် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့် လုပ်ဆောင်ရေး ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment