Tuesday, May 30, 2017

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယသမ္မတနိုင်ငံ ကြည်းတပ် ဦးစီးချုပ်နှင့် ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ ဒုတိယ နိုင်ငံခြားရေးဝန်ကြီးတို့အား သီးခြားစီ လက်ခံတွေ့ဆုံ



နေပြည်တော်၊ မေ  ၂၉
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် အိန္ဒိယသမ္မတနိုင်ငံ ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Bipin Rawat အား ယနေ့ မွန်းလွဲ ၂ နာရီတွင်လည်းကောင်း၊ ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Mr. Dang Dinh Quy အား မွန်းလွဲ ၃ နာရီ ၁ဝ မိနစ်တွင် လည်းကောင်း နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ သီးခြားစီ လက်ခံ တွေ့ဆုံသည်။

အိန္ဒိယသမ္မတနိုင်ငံ ကြည်းတပ်ဦးစီးချုပ်နှင့် တွေ့ဆုံစဉ် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များကို လည်းကောင်း၊ ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ ဒုတိယ နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံစဉ် မြန်မာ - ဗီယက်နမ် နှစ်နိုင်ငံ စိုက်ပျိုးရေး၊ ခရီးသွားလုပ်ငန်းနှင့် လေကြောင်း ပျံသန်းပြေးဆွဲမှု တိုးမြှင့်ရေး ကိစ္စရပ်များ အပါအဝင် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေးနှင့် ဒေသတွင်း ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲများသို့ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။   
(သတင်းစဉ်)

No comments:

Post a Comment