Friday, May 12, 2017

ယာဉ်တိုက်မှုတွင် ဒဏ်ရာရခရီးသည်များအား ယာဉ်လိုင်းများမှ ကရုဏာကြေးပေးအပ်

မြိတ် မေ ၁၂
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် ပင်းအိုကျေးရွာအုပ်စု လက်ခုတ်တောင်ကျေးရွာအနီးတွင် မေလ (၉)ရက်နေ့တွင် ဖြစ်ပွားခဲ့သော မန်းရာဇာယာဉ်လိုင်းနှင့် နေလယာဉ်လိုင်းတို့မှ မော်တော်ယာဉ်နှစ်စီးတိုက်မှုတွင် ဒဏ်ရာရရှိခဲ့သော ခရီးသည်(၈)ဦးအား မြိတ်ခရိုင်ပုဂ္ဂလိကယာဉ်များပြေးဆွဲရေးလုပ်ငန်း ထိန်းသိမ်းကြီးကြပ်ရေး ကော်မတီ ဦးဆောင်မှုဖြင့် ယာဉ်လိုင်းတာဝန်ရှိသူများက ကရုဏာထောက်ပံ့ကြေးငွေများကို မေလ(၁၁)ရက် နေ့လယ်(၁း၃၀)နာရီက မြိတ်ပြည်သူ့ ဆေးရုံတွင် ဆေးကုသမှုခံယူနေသော ခရီးသည်များ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

ကရုဏာထောက်ပံ့ကြေးကို မန်းရာဇာယာဉ်လိုင်းနှင့် နေလယာဉ်လိုင်းတို့မှ ဒဏ်ရာရ ခရီးသည်များထဲမှ ဘယ်ဘက် လက်မောင်းပြတ်ခရီးသည်အား (၂၅)သိန်း၊ အတွင်းဒဏ်ရာရခရီးသည်အား(၈)သိန်း၊ ကျန်ရှိသော ဒဏ်ရာရခရီးသည် (၆) ဦးအား တစ်ဦးလျှင်(၅)သိန်းစီ စုစုပေါင်း(၆၃)သိန်း ပေးအပ်ခဲ့ကြကြောင်း သိရသည်။ ဆက်လက်၍ မြိတ်ခရိုင်ပုဂ္ဂလိက ယာဉ်များပြေးဆွဲရေးလုပ်ငန်း ထိန်းသိမ်းကြီးကြပ်ရေး ကော်မတီမှ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရခရီးသည်များအား မန်းရာဇာယာဉ်လိုင်းနှင့် နေလယာဉ်လိုင်းတို့မှ  ကရုဏာထောက်ပံ့ကြေးငွေများ ပေးအပ်ခြင်း အတွက် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မီဒီယာများအား ပြန်လည်ရှင်းလင်းခဲ့ကြကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက် 

No comments:

Post a Comment