Monday, May 8, 2017

ကလေးစာပေပွဲတော်နှင့် စာအုပ်ဈေးရောင်းပွဲတော် (တောင်ကြီး) အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ညှိနှိုင်း အစည်းအဝေး ကျင်းပ


တောင်ကြီး       မေ ၈

ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့တို့မှ ပူးပေါင်း၍ ကလေးစာပေ ပွဲတော်နှင့် စာအုပ်ဈေးရောင်းပွဲတော် (တောင်ကြီး) အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ညှိနှိုင်း အစည်းအဝေးကို မေ(၈)ရက် နံနက်(၁၁) နာရီက ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။


အခမ်းအနားတွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က အဖွင့် အမှာစကား ပြောကြားရာတွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရ အဖွဲ့တို့မှ ပူးပေါင်းပြီး၊ ကလေးစာပေပွဲတော်နှင့် စာအုပ်ဈေးရောင်းပွဲတော်ကို ကျင်းပလာခဲ့ရာ ပြည်ထောင်စု အနှံ့ရောက်ရှိလာခဲ့ရာ ယခုဆို ရှမ်းပြည်နယ်တောင်ကြီးမြို့တို့ ရောက်ရှိလာ၍ တောင်ကြီးတက္ကသိုလ် ဘက်စုံ ခန်းမတွင် ၂၀၁၇ခုနှစ် ဇွန်လ(၂)ရက်မှ (၄)ရက်ထိ စည်းကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း၊ တောင်ကြီးမြို့တွင် ကျင်းပရသည့် ကလေးစာပေ ပွဲတော် ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံ အနာဂတ်ကလေးများ ခေါင်ဆောင်ကောင်း ဖြစ်လာစေရန် ဉာဏ်ရည် ဉာဏ်တွေး အယူအဆထက်မြက်လာစေရန် ကလေးများ၏ တီထွင်ဖန်တီလိုစိတ် ရှိရန်နှင့် ကလေးများ၏ ပြောဆို နှုတ်အမှုအရာ တိုးတက်လာစေရေး ကလေးများ စာပေနှင့် ရင်းနှီးပြီး၊ စာဖတ်ပျော်ရွှင်မှု စာဖတ်ခြင်းဖြင့် စာပေဖြင့် ဖန်တီပေးနိုင်ရန် ဆောင်ရွက်ပေးရခြင်း ဖြစ်ကြောင်း ကလေးစာပေ ပွဲတော်နှင့် စာအုပ်ဈေးရောင်း ပွဲတော်ကို အသီးသီး ဘက်စုံဒေါင့်စုံမှ ကော်မတီဝင်များ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ကော်မတီ ဖွဲ့စည်းထားပြီးဖြစ်ကြောင်း၊ ကလေးစာပေပွဲတော်နှင့် စာအုပ်ဈေးရောင်းပွဲတော် ကျင်းပရေးအတွက် ကော်မတီ အသီးသီးမှ ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် ပြောကြားသွားသည်။

ဆက်လက်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန နေပြည်တော် (ရုံးချုပ်) မှ  ညွှန်ကြားရေးမှူးချုပ် ဦးမောင်ဖေက ကလေးစာပေပွဲတော်နှင့် စာအုပ်ဈေးရောင်းပွဲတော် တောင်ကြီး ကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးရာ နေပြည်တော်၊ မန္တလေး၊ မော်လမြိုင်တို့တွင် ကျင်းပ ပြီးစီးခဲ့သည့် အတွေ့အကြုံများနှင့် ယခု တောင်ကြီးမြို့တွင်ကျင်းပမည့် အစီအစဉ်များ ရှင်းလင်းရာ အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်း၊ မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခြင်း၊ ခန်းမအတွင်း အခမ်းအနား ဖွင့်လှစ်ခြင်း၊ ဆရာကြီး မင်းသုဝဏစာအုပ်ပြခန်း ကလေးစာပေ စာအုပ်ပြပွဲ ကာတွန်းပြပွဲ စာအုပ် ဈေးရောင်းပွဲတော် ဟောပြောပွဲများဆွေးနွေး ပွဲများ၊ ပုံပြောပြိုင်ပွဲ၊ ကျပန်းစကား ပြောပြိုင်ပွဲ၊ ဆေးရောင်ခြယ် ပြိုင်ပွဲ၊ စက္ကူခေါက်ပြိုင်ပွဲ၊ ဖျော်ဖြေရေးတွင် ကျောင်းများမှ ဖျော်ဖြေခြင်း၊ မျက်လှည့်၊ လူဝင်ထားသည့် အရုပ်များဖြင့် ကြိုဆိုခြင်း၊ အရုပ်ဆက်ပြိုင်ပွဲ စကားပုံဆက်ပြိုင်ပွဲ၊  Team Building, အိမ်ဆောက် ကစားခြင်း၊ Science Fair၊ ကာတွန်း အရုပ်များဓါတ်ပုံရိုက်ခြင်း၊ 3D ကာချပ်များဖြင့် ဓါတ်ပုံရိုက်ခြင်း၊ အစား အသောက် ကဏ္ဍတွင် ဖိတ်ကြားထားသူများအား ကူပွန်ဖြင့် ထုတ်ပေးခြင်း၊ ကူညီပံ့ပိုးသည့် ကုမ္ပဏီ များနှင့် အဖွဲ့အစည်းများမှ အခမဲ့ပေးဝေခြင်း၊ ရေသန့်အချိုရေး ဖြန့်ဝေပေးခြင်း၊ အစားအသောက်များ ဖြန့်ဝေပေးခြင်း၊  ရှင်းလင်း ပြောကြားသွားသည်။

ထို့နောက် အစည်းအဝေးတို့ တက်ရောက်လာကြသော ဝန်ကြီးများနှင့် ဌာနဆိုင်ရာများက ရှင်းလင်း ဆွေးနွေး ကြပြီး၊ ကလေး စာပေပွဲတော်နှင့် စာအုပ် ဈေးရောင်းပွဲတော် (တောင်ကြီး) ကျင်းပရေးဦးစီး ကော်မတီ ဥက္ကဌ ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက နိဂုံးချုပ်အမှာစကား ပြောကြားသည်။ အဆိုပါအခမ်းအနားသို့ ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ဗမာတိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီး၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာများ၊ ပညာရေးဌာနမှ တာဝန်ရှိသူများ၊ စာရေးဆရာများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြကြောင်း သိရှိရသည်။

ပြည်နယ်(ပြန်/ဆက်)

No comments:

Post a Comment