Tuesday, May 23, 2017

ညောင်ဦးတွင် ပြည်သူများ ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ယာဉ်စည်းကမ်းမလိုက်နာသည့်မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များ ဖမ်းဆီးစစ်ဆေး အရေးယူ


ညောင်ဦး  မေ  ၂၂
ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့စခန်းမှ ဒုရဲမှူးလှသိန်း၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်များက သက်ဆိုင်ရာ တာဝန်ရှိသူများအဖွဲ့နှင့် ပူးပေါင်းကာ မေလ ၂၂ ရက်နေ့ နံနက်ပိုင်းက လူစည်ကားရာ ညောင်ဦးမြို့ မဏိစည်သူ ဈေးအနီး ဖြတ်သန်းသွားလာ မောင်းနှင်လျက်ရှိသည့် မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များအား ပြည်သူများ ယာဉ်အန္တရာယ်ကင်းရှင်း စေရေးအတွက် သတ်မှတ် ယာဉ်စည်းကမ်းများနှင့် အညီ မောင်းနှင်သွားလာနိုင်ရေး ရှောင်တခင် ဖမ်းဆီးစစ်ဆေး အရေးယူဆောင်ရွက် ခဲ့ကြောင်း သိရသည်။   



ထိုသို့ ခရီးသွားပြည်သူများ ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ယာဉ်စည်းကမ်းလိုက်နာမှု မရှိသည့် မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များအား ရှောင်တခင် ဖမ်းဆီးစစ်ဆေးအရေးယူ ဆောင်ရွက်ရာတွင် ညောင်ဦးမြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့ စခန်းမှ ဒုရဲအုပ်ကျော်ညီညီထက် ဦးဆောင်၍ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များက သက်ဆိုင်ရာ တာဝန်ရှိသူများအဖွဲ့နှင့် ပူးပေါင်း၍ မော်တော်ယာဉ် မောင်းနှင်သူများအား ယာဉ်မောင်းလိုင်စင် ကိုင်ဆောင်မောင်းနှင်ခြင်း ရှိ/မရှိ၊ သက်မှတ်ထားသည့်ယာဉ်တန်ချိန်ထက် ပိုမိုတင်ဆောင် မောင်းနှင်ခြင်း ရှိ/မရှိ ဖမ်းဆီးစစ်ဆေး ဆောင်ရွက်ပြီး မော်တော်ဆိုင်ကယ်မောင်းနှင် စီးနင်းသူများကိုလည်း ဆိုင်ကယ်စီးဦးထုပ် မေးသိုင်းကြိုးတပ်ဆင်မောင်းနှင်ခြင်း ရှိ/မရှိ၊ ဆိုင်ကယ်တစ်စီးအား နှစ်ယောက်ထက် ပိုမို တင်ဆောင်မောင်းနှင်ခြင်း ရှိ/မရှိနှင့် ယာဉ်လမ်းကြော ပြောင်းပြန် စီးနင်းမောင်းနှင်ခြင်း ရှိ/မရှိတို့ကို ဖမ်းဆီးစစ်ဆေးပြီး သတ်မှတ်ထားသည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများနှင့်အညီ မောင်းနှင်ခြင်း မရှိသူများအား ယာဉ်စည်းကမ်းဥပဒေဖြင့် ဖမ်းဆီးအရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 
ရဲဝင်းနိုင် (ညောင်ဦး-ပြန်/ဆက်)

No comments:

Post a Comment