Tuesday, May 23, 2017

အထက်တန်းအဆင့် ဘာသာရပ် စွမ်းရည်မြှင့် အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနား ကျင်းပ

ထားဝယ်             မေ ၂၂
တနင်္သာရီတိုင်းဒေသကြီး၊ အခြေခံပညာဦးစီးဌာန၊ ၂၁၀၇-၂၀၁၈ ပညာသင်နှစ် အထက်တန်းအဆင့်ဘာသာရပ် စွမ်းရည်မြှင့် အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို မေလ ၂၂ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန်က ထားဝယ်မြို့၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း ခန်းမ၌ ကျင်းပခဲ့သည်။


အခမ်းအနားတွင် တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စိန်စိန် က ကျောင်းများတွင် ယာယီခန့် အထက်တန်းပြ လုပ်သက်နည်း ဆရာမများကို သင်ကြားရေးစွမ်းရည် မြှင့်တင်ပေးရန်နှင့် တက္ကသိုလ်ဝင် စာမေးပွဲ စာစစ်လုပ်ငန်း အတွေ့အကြုံရှိသူများမှတဆင့် ဆရာမများအား အမှတ်ပေးစည်းမျဉ်းနှင့်သင်ကြားမှု နည်းစနစ်များကို ပြန်လည်ရှင်းလင်း ဆွေးနွေးပေးရန်၊ ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက် မြင့်မားလာစေရေး အတွက် အထောက်အကူပေးနိုင်ရန်နှင့် ဂုဏ်ထူးရ ကျောင်းသားဦးရေ များလာစေရန် ရည်ရွယ်ချက်ဖြင့် ဆွေးနွေးပွဲ ကျင်းပရခြင်း ဖြစ်ကြောင်း ပြောကြားသည်။

ဆွေးနွေးပွဲတွင် တက္ကသိုလ်ကျောင်းများမှ ဆရာ/ဆရာမ(၁၅)ဦး က  မြန်မာ ၊ အင်္ဂလိပ် ၊ သင်္ချာ ၊ ဓါတု ၊ ရူပ ဘာသာရပ်များကို တနင်္သာရီတိုင်းဒေသကြီးမှ သင်တန်းသား(၁၄၅)ဦးအား မေလ ၂၂ ရက်နေ့မှ ၂၅ ရက်နေ့အထိ ဆွေးနွေးပို့ချမည် ဖြစ်ကြောင်း သတင်းရရှိသည်။

(ထားဝယ်ခရိုင်ပြန်/ဆက်ဦးစီးဌာန )

No comments:

Post a Comment