Thursday, May 11, 2017

ပြန်ကြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက် ပုံနှိပ်ခြင်း၊ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်းများ အားခွင့်ပြု ပေးနေမှုအခြေအနေ

ပြန်ကြားရေးဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရ၏ သဘောတူညီချက်ဖြင့် ပုံနှိပ်ခြင်း နှင့်ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများကို အမိန့်ကြော်ငြာစာအမှတ် (၄၈/၂၀၁၄)ဖြင့် ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ (၁၀) ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီးနောက် လုပ်ငန်းအသိအမှတ်ပြုလက်မှတ် လျှောက်ထားလာပါက ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်း လုပ်ငန်းနည်းဥပဒေများနှင့်အညီ စိစစ်၍ လုပ်ငန်း အသိအမှတ်ပြုလက်မှတ်များကို ခွင့်ပြုပေးလျက်ရှိပါသည်။

ထိုသို့ဆောင်ရွက်ပေးခဲ့ရာ (၈-၅-၂၀၁၇) ရက်နေ့က ပြုလုပ်သော ပြန်ကြားရေးဝန်ကြီး ဌာန၊ စီမံခန့်ခွဲရေး ကော်မတီအစည်းအဝေးတွင် (၃-၄-၂၀၁၇) ရက်နေ့မှ (၂၁-၄-၂၀၁၇) ရက်    နေ့ထိ လုပ်ငန်းအသိအမှတ်ပြု လက်မှတ် လျှောက်ထားလာသည့် ပုံနှိပ်ခြင်းလုပ်ငန်းအတွက် အသစ် လျှောက်ထားသူ (၅) ဦးကိုလည်းကောင်း ၊ ထုတ်ဝေခြင်းလုပ်ငန်းအတွက် အသစ်လျှောက်ထားသူ ဂျာနယ် (၁) ဦးနှင့် အထွေထွေ (၅) ဦး၊ ပေါင်း (၆) ဦးကိုလည်းကောင်း၊ သတင်းအေဂျင်စီလုပ်ငန်း လုပ်ကိုင်လိုသူ (၁) ဦးကိုလည်းကောင်း အသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးရန်  ခွင့်ပြုပေးခဲ့ပါ သည်။
ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းနည်းဥပဒေများပြဋ္ဌာန်းသည့် (၁၀-၁၀-၂၀၁၄)ရက်နေ့ မှစ၍ ယနေ့အထိ ပုံနှိပ်ခြင်းလုပ်ငန်း (၁၄၂၆) ဦး၊ ထုတ်ဝေခြင်းလုပ်ငန်း (၂၀၉၂)ဦးနှင့် သတင်း အေဂျင်စီလုပ်ငန်း (၆၅) ဦး ၊ စုစုပေါင်း ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်း (၃၅၈၃) ဦးအား အသိအမှတ်ပြုလက်မှတ်များ စိစစ်ခွင့်ပြုပေးခဲ့ပါသည်။
သတင်းအေဂျင်စီလုပ်ငန်း လျှောက်ထားသူ (၁) ဦးအား အချက်အလက်များ စိစစ်ဆောင် ရွက်ဆဲ ဖြစ်ပါသည်။
ပြန်ကြားရေးဝန်ကြီးဌာန

No comments:

Post a Comment