Thursday, May 11, 2017

လူထုဗဟိုပြုစီမံကိန်း၏ စာသင်ကျောင်းခြံစည်းရိုးလုပ်ငန်းဖွင့်ပွဲကျင်းပ

စေတုတ္တရာ             မေ             ၁၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ကမ္ဘာဘဏ်တို့ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်သော တတိယနှစ်လူထုဗဟိုပြု စီမံကိန်း၏ထောက်ပံ့ငွေကျပ် ၈၈၅၁၄၀ဝိ/၊ ကျေးရွာထည့်ဝင်ငွေကျပ် ၃၇၂၀၀ဝိ/ ဖြင့် အောက်ပုံကျေးရွာ၊ အလယ်တန်းကျောင်းခွဲ၊ စာသင်ကျောင်းခြံစည်းရိုး (၉၅၅×၅.၆)ပေရှိ လုပ်ငန်းဆောင်ရွက်ပြီးစီး၍ ဖွင့်ပွဲ အခမ်းအနားကို အဆိုပါကျေးရွာအလက(ခွဲ)၌မေလ (၁၁)ရက်နေ့နံနက်(၈)နာရီက၊ ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။

အခမ်းအနားတွင် စေတုတ္တရာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်အောင်လွင်မှ အဖွင့်အမှာစကား ပြောကြားပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်နှင့်နှင့်ထွေးမှ စီမံကိန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် လူထုဗဟိုပြုစီမံကိန်း နည်းပညာ အကြံပေးအဖွဲ့ခေါင်းဆောင် ဦးကျော်မျိုးထိုက်မှ စီမံကိန်းနှင့်ပတ်သက်၍ သိကောင်းစရာများ ပြောကြားခဲ့ပြီး အလယ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးတင်မောင်စိုးမှ ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။
ဆက်လက်ပြီး စာသင်ကျောင်းခြံစည်းရိုးအား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်အောင်လွင်၊ တိုင်းဒေသကြီး(၂)လွှတ်တော်ကိုယ်စားလှယ်ဦးထွန်းထွန်းဝင်း၊ ကျေး/လက်ဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်နှင့်နှင့်ထွေး ၊လူထုဗဟိုပြုစီမံကိန်း နည်းပညာအကြံပေး အဖွဲ့ခေါင်းဆောင် ဦးကျော်မျိုးထိုက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးတင်မောင်စိုးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး ကျောင်းသူ/သားများက အကများဖြင့် ဧည့်ခံဖျော်ဖြေခဲ့ကြောင်း သတင်းရရှိသည်။


ဖိုးပြည့်

No comments:

Post a Comment