နေပြည်တော် မေ ၂၂
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေး ၀န်ကြီးဌာန၊ အာရှရေးရာဆိုင်ရာ
အထူးကိုယ်စားလှယ် H. E. Mr. Sun Guoxiang အား ယနေ့ ၁၆း၃၀ နာရီအချိန်တွင် နေပြည်တော်ရှိ
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ၀န်ကြီး၏ ဧည့်ခန်းမတွင် လက်ခံတွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏
ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးကိစ္စ၊ ပြည်ထောင်စု ငြိမ်းချမ်းရေး
ညီလာခံ-၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးနှင့် ပတ်သက်သည့်ကိစ္စတို့အား အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း
သိရှိရပါသည်။ 
Ref; Ministry of
Foreign Affairs Myanmar

 
No comments:
Post a Comment