Monday, May 22, 2017

ပြည်ထောင်စုဝန်ကြီး ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အစည်းအဝေးတက်ရောက်

နေပြည်တော် မေ ၂၂
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်သည် မေ(၂၀)ရက်၊ နံနက်ပိုင်းတွင် မြန်မာ နိုင်ငံခရီးသွား လုပ်ငန်းအဖွဲ့နှင့် မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်အသင်းတို့မှ အဖွဲ့ဝင်များအား အင်းလျားလိတ် ဟိုတယ်၊ ဆင်ရတနာ အစည်းအဝေးခန်းမ၌ တွေ့ဆုံ၍ JATA ပြပွဲသွားရောက်ရန် ကိစ္စရပ်များနှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းသည်။

ဆက်လက်၍ ယင်းနေ့၊ နေ့လည်ပိုင်းတွင် အဆိုပါအစည်းအဝေးခန်းမ၌ တနသာင်္ရီတိုင်းဒေသကြီး ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီနှင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း အဖွဲ့ချုပ်မှအဖွဲ့ဝင်များအား တွေ့ဆုံ၍ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာကိစ္စရပ်များ၊ မြိတ်ကျွန်းစုများ ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ခရီးသွား လုပ်ငန်းအသုံးပြုနိုင်ရေး ဆိုင်ရာ Zoning Map ကိစ္စရပ်များ ဆွေးနွေးခဲ့ကြသည်။
`မေ(၂၁)ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ သမ္မတဟိုတယ် ပြန်လည်ပြုပြင်ရေး လုပ်ငန်းဆောင်ရွက်နေမှုများ၊ ယောမင်းကြီး လမ်းရှိ LOFT ဟိုတယ်နှင့် အင်းလျားလမ်းရှိ SAKURA RESIDENT များသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီးနောက် ပြည်လမ်းမရှိ DAEWOO AMARA မှ ဆောက်လုပ်လျှက်ရှိသည့် ဟိုတယ်နှင့် အခြားဝန်ဆောင်မှု အဆောက်အဦများအား လှည့်လည်ကြည့်ရှု စစ်ဆေးပြီးခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

No comments:

Post a Comment