Tuesday, May 23, 2017

ပြည်ထောင်စု လွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်း ဆွီဒင် သံအမတ်ကြီးအား လက်ခံတွေ့ဆုံ



နေပြည်တော်၊ မေ ၂၃
ပြည်ထောင်စု လွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးနှင့် တရားဥပဒေ စိုးမိုးရေး ဆိုင်ရာဆွီဒင်သံအမတ်ကြီး H.E Ms. Annika Mariana Elisabet Rachel Ben David နှင့်အဖွဲ့အား ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အမှတ် (I-11) ၌ လက်ခံ တွေ့ဆုံသည်။

တွေ့ဆုံစဉ် လူ့အခွင့်အရေး အထောက်အကူပြု ဥပဒေများ ရေးဆွဲနေမှု အခြေအနေများ၊ လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲ ရေးဆိုင်ရာကိစ္စရပ်များနှင့်   မြန်မာနိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြ သည်။
(သတင်းစဉ်)

No comments:

Post a Comment