Thursday, May 11, 2017

ရခိုင်အမျိုးသားနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ မောင်တောမြို့၌ ကျင်းပ


သတင်း- မောင်စိန်လွင်(မြန်မာ့အလင်း)
ဓာတ်ပုံ- မောင်မောင်သန့်(ကြေးမုံ)
မောင်တောမေ    ၁၁
ရခိုင်ပြည်နယ် မောင်တောမြို့၌ ယနေ့ကျင်းပသော ရခိုင်အမျိုးသားနေ့ အခမ်း အနားအထိမ်းအမှတ်အဖြစ် အားကစားပြိုင်ပွဲများကို ယနေ့ ညနေပိုင်းတွင် မောင်တော မြို့ မြို့မအားကစားကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

အားကစားပြိုင်ပွဲတွင် ရိုးရာအားကစားပြိုင်ပွဲများအဖြစ် လွန်ဆွဲပွဲ (အမျိုးသား၊ အမျိုးသမီး)၊ ချောတိုင်တက်ပွဲနှင့် လူငယ်အကြိုက် ပိုက်ကျော်ခြင်းပြိုင်ပွဲတို့ကို ထည့်သွင်းကျင်းပခဲ့သည်။ အမျိုးသားလွန်ဆွဲပွဲတွင် သစ်တောရွာ အသင်း၊ ကန်သာယာ (အလယ်)အသင်း၊ ကန်သာယာ(အထက်)အသင်းနှင့် ဆက်သွယ်ရေးအသင်းတို့ ၀င်ရောက် ယှဉ်ပြိုင်ကစားကြရာဆက်သွယ်ရေးအသင်းက ပထမရရှိခဲ့ပြီး သစ်တောရွာ အသင်းက ဒုတိယဆုရရှိခဲ့သည်။ အမျိုးသမီးလွန်ဆွဲပြိုင်ပွဲတွင် သရေကုန်းဘောင်၊ မြို့ဦး၊ ဒေါ်ရွှေစောခိုင်၊ မောရ၀တီ(၂)၊ လုပ်ကစိ၊ သစ်တောရွာ(၂)၊ သစ်တောရွာ(၁)၊ မြို့သစ်၊ မောရ၀တီ(၁)၊ ငွေတောင်၊ ကန်သာယာအသင်းနှင့် ရဲစခန်းအသင်းတို့ ၀င်ရောက် ယှဉ်ပြိုင်ကစားရာသစ်တောရွာ(၂) အသင်းကပထမရရှိခဲ့ပြီး သစ်တောရွာ (၁)အသင်းက ဒုတိယဆုရရှိခဲ့သည်။
ချောတိုင်တက်ပွဲ၌ ယခုနှစ်တွင် ၀င်ရောက်ယှဉ်ပြိုင်မှုများခဲ့ပြီးငွေတောင်၊ မောရ၀တီ၊ ကန်သာယာ (အထက်)၊ ကန်သာယာ(အလယ်)၊ သာယာကုန်း၊ ဘလုံးမောင်နှင့်အဖွဲ့၊ ကျော်ကျော် နိုင်နှင့်အဖွဲ့၊ ကန်ပြင်သာစည်၊ လာဘာလာဘာအဖွဲ့၊ ပျင်းတောင် ပျင်းသေးအဖွဲ့၊ သစ်တောရွာ၊ ဓည၀တီ၊ မောင်လှအဖွဲ့နှင့် မောင်မောင်အဖွဲ့တို့ အလှည့်ကျ ကြိုးပန်းတက်ရောက်ရာ မောင်မောင်အဖွဲ့က အောင်နိုင်အလံဆုကို ဆွတ်ခူးသွားသည်။ အလားတူ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် လည်းအသင်း ၁၂ သင်းဝင် ရောက်ယှဉ်ပြိုင်ရာ အုပ်စုသုံးစုခွဲ၍ ယှဉ်ပြိုင်ကစားရာ၌ (က)အုပ်စုတွင် ဇင်ဘို၊ ဝေယံ၊ ညီချေ၊ ဆောက်လုပ်ရေး၊ (ခ) အုပ်စုတွင် ဆေးမှူး၊ နိုင်ဝင်း၊ ကျော်ဆန်းဦး၊ ဒိုးသီး (ဂ) အုပ်စု တွင် ကန်သာယာ၊ တပ်ရင်း(၁)၊ တပ်ရင်း(၂) နှင့် တပ်ရင်း(၃)တို့ ၀င်ရောက်ယှဉ်ပြိုင်ရာ ဗိုလ်လုပွဲတွင် အုပ်စု(ခ)မှ ဆေးမှူး အသင်းနှင့် နိုင်ဝင်းအသင်းတို့ ပြန်လည်ဆုံတွေ့ကြပြီး ဆေးမှူးအသင်းက နှစ်ပွဲတစ်ပွဲ ဖြင့် ပထမဆုဆွတ်ခူးရရှိခဲ့ပြီး ဒုတိယဆုကို နိုင်ဝင်း အသင်းက ရရှိခဲ့သည်။
ယင်းပြိုင်ပွဲများတွင် လွန်ဆွဲ(ကျား/မ )ပြိုင်ပွဲ၌ ပထမဆုရရှိသည့် အသင်းကို ဆုငွေကျပ် နှစ်သိန်း၊ ဒုတိယဆုရရှိသည့် အသင်းကိုဆုငွေကျပ် တစ်သိန်းခွဲ၊ ချောတိုင် တက်ပွဲတွင် အောင်နိုင်အလံကိုတက်ရောက် ယူနိုင်တဲ့အဖွဲ့အား ငွေကျပ် တစ်သိန်းနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပထမဆုရအသင်းအား ငွေကျပ် တစ်သိန်းနှင့် ဒုတိယဆုရရှိ သည့် အသင်းကိုငွေကျပ် ရှစ်သောင်းကျင်းပရေးကော်မတီအဖွဲ့က ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

No comments:

Post a Comment