Thursday, May 11, 2017

ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်အား ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ်၏ စီးပွားရေးသံအမတ် Mr. Andrew McNaughton နှင့်အဖွဲ့ လာရောက်တွေ့ဆုံ


နေပြည်တော် မေ ၁၁
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် အား  ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ်၏ စီးပွားရေးသံအမတ် Mr. Andrew McNaughton နှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဧည့်တွေ့ခန်းမ၌ လာရောက်တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပို့ဆောင်ဆက်သွယ်ရေး အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။
(သတင်းစဉ်)

No comments:

Post a Comment