Tuesday, May 23, 2017

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဥရောပသမဂ္ဂစစ်ဘက်ဆိုင်ရာ ကော်မတီဥက္ကဋ္ဌအား ဂုဏ်ပြုတပ်ဖွဲ့ဖြင့်ကြိုဆို

နေပြည်တော် မေ ၂၂
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဥရောပသမဂ္ဂ စစ်ဘက်ဆိုင်ရာ ကော်မတီဥက္ကဋ္ဌ General Mikhail Kostarakos အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်ရှေ့၌ ဂုဏ်ပြုတပ်ဖွဲ့ ဖြင့် ကြိုဆိုသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဥရောပသမဂ္ဂစစ်ဘက်ဆိုင်ရာ ကော်မတီဥက္ကဋ္ဌတို့သည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြု ခြင်းကို ခံယူကြပြီး ဂုဏ်ပြုတပ်ဖွဲ့ကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဥရောပသမဂ္ဂစစ်ဘက်ဆိုင်ရာ ကော်မတီဥက္ကဋ္ဌတို့သည် ဇေယျာသီရိ ဗိမာန် ဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးကြသည်။
တွေ့ဆုံစဉ် EU ဆိုင်ရာစစ်ဘက် သံတမန်ခန့်အပ်ရေးကိစ္စရပ်များ၊ လေ့ကျင့်ရေး သင်တန်းစေလွှတ်ရေး ကိစ္စရပ်များ အပါအဝင် ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကိစ္စရပ်များကို အပြန်အလှန်ဆွေးနွေးကြသည်။
ညပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဥရောပသမဂ္ဂစစ်ဘက်ဆိုင်ရာ ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့အား နေပြည်တော်ရှိ ရွှေနန်းတော်ဟိုတယ်၌ ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံသည်။
မွန်းလွဲပိုင်းက ဥရောပသမဂ္ဂစစ်ဘက်ဆိုင်ရာ ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့သည် နေပြည်တော်ရှိ သူရဲကောင်းစစ်သည်ဗိမာန် သို့ သွားရောက်၍ အထိမ်းအမှတ်ကျောက်တိုင်ရှေ့၌ ဂုဏ်ပြုပန်းခြင်းချကာ နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ကျေပွန်စွာထမ်းဆောင်ရင်း အသက်စွန့်လွှတ်ခဲ့ရသည့် သူရဲကောင်းများကို အလေးပြုကြသည်။
ယင်းနောက် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်သို့ ရောက်ရှိကြရာ ကျောင်းဧည့်ခန်းမ၌ ကျောင်းအုပ်ကြီးက ကြိုဆို နှုတ်ခွန်းဆက်စကားပြောကြားပြီး ဥရောပသမဂ္ဂစစ်ဘက်ဆိုင်ရာ ကော်မတီဥက္ကဋ္ဌက သင်တန်းခန်းမ၌ EU နှင့် ပတ်သက် သည့် ကိစ္စရပ်များကို Power Point ဖြင့် ရှင်းလင်းပြသကာ သင်တန်းသားများနှင့် ဆွေးနွေးခဲ့ကြောင်း သတင်း ရရှိသည်။

(သတင်းစဉ်)

No comments:

Post a Comment