တောင်သာ မေ
၈
မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ် အိုးဘိုကျေးရွာအုပ်စု၊
ဆည်ကုန်းကျေးရွာရှိ ဒေသခံပြည်သူများ နွေရာသီ သောက်သုံးရေ ရှားပါးမှုကြုံတွေ့နေရသဖြင့်
မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး
ဦးစီးဌာန ဦးစီးမှူး ဦးအောင်ကြည်မြင့် ဦးဆောင်၍
ဆည်ကုန်းကျေးရွာရှိ အိမ်ခြေ(၁၀၄)အိမ်၊
လူဦးရေ(၅၀၇)ဦးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သောက်သုံးရေ ဂါလန်(၁၅၀၀)ဆံ့
တစ်စီးနှင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သောက်သုံးရေ ဂါလန်(၁၅၀၀)ဆံ့
တစ်စီး သောက်သုံးရေဂါလန် စုစုပေါင်း(၃၀၀၀)အား ကျေးရွာအရောက်သွားရောက်၍ ပေးအပ်လှူဒါန်းခဲ့သည်။
တောင်သာမြို့နယ်အတွင်းရှိ သောက်သုံးရေရှားပါးပြတ်လပ်နေသည့်
ကျေးရွာများမှ ကျေးလက်နေပြည်သူများအတွက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ
သောက်သုံးရေများ စဉ်ဆက်မပြတ် ကွင်းဆင်း လှူဒါန်းပေးလျက် ရှိကြောင်း သတင်းရရှိသည်။
ကျော်မျိုးနိုင်(တောင်သာ)
No comments:
Post a Comment