Tuesday, May 2, 2017

န၀မတန်းဘက်စုံပညာ ထူးချွန်လူငယ်များ ညောင်ရွှေမြို့နယ် အတွင်း လှည့်လည်လေ့လာ


ညောင်ရွှေ မေ ၂
အင်းလေးခေါင်တိုင် အပန်းဖြေစခန်း၌ ရောက်ရှိနေသည့် ဘက်စုံပညာထူးချွန် လူငယ်ကျောင်းသား ကျောင်းသူများ ယနေ့နံနက်ပိုင်းတွင် အင်းလေးကန်အတွင်း အထင်ကရနေရာများ လေ့လာခြင်းနှင့် မွန်းလွဲပိုင်းတွင် ညောင်ရွှေမြို့ပေါ်ရှိ တန်ခိုးကြီးဘုရားအား ဖူးမြော်ကြည်ညိုခဲ့ကြသည်။

အဆိုပါ လေ့လာရေးခရီးအတွင်း ဘက်စုံပညာထူးချွန် လူငယ်များသည် နံနက်ပိုင်းတွင် စက်လှေများဖြင့် အင်းလေးဒေသရိုးရာ စိုက်ပျိုးရေးလုပ်ငန်း တစ်ခုဖြစ်သည့် ကေလာရေခြံ၊  အင်းလေးဒေသ၏ ဂုဏ်ယူဖွယ်ရာ ဟဲယာရွာမ ငွေထည်လုပ်ငန်းမှ  စိန် သမာဓိငွေထည်ဆိုင်၊ အင်းလေးရိုးရာ ရက်ကန်းခုံဖြစ်သည့် အင်းပေါခုံရက်ကန်း စက်ရုံစသည့် နေရာများသို့ သွားရောက်လေ့လာခဲ့ပြီး ရှေးဟောင်းသမိုင်းဝင် အလိုတော် ပေါက်ဘုရားနှင့် ရှေးဟောင်းသမိုင်းဝင် ဖောင်တော်ဦးဘုရားများကို ဖူးမြော်ကြည်ညို ခဲ့ကြကြောင်း သိရသည်။ ထို့နောက် ဘက်စုံပညာ ထူးချွန်လူငယ်များသည် မွန်းလွဲပိုင်းတွင် ညောင်ရွှေမြို့သို့ ဆက်လက်ထွက်ခွာကြသည်။
ညောင်ရွှေမြို့တွင် ခေတ်မှီသိပ္ပံနည်းကျ စိုက်နည်းစနစ် စံပြစပါးစိုက်ခင်း၊ ညောင်ရွှေဟော်နန်းလေ့လာခြင်းနှင့် ရတနာမာရ်အောင် စေတီတော်အား ဖူးမြော် ကြည်ညိုပြီးနောက် အင်းလေးအပန်းဖြေစခန်းသို့ ပြန်လည် ရောက်ရြှိကပြီး ညပိုင်းတွင် ဘက်စုံပညာထူးချွန်ကျောင်းသား ကျောင်းသူများကို ဖျော်ဖြေရေးကဏ္ဍများဖြင့် ဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရသည်။
ဟိန်းထက်ဇော်(မြန်မာ့အလင်း)၊ ဓာတ်ပုံ-ဇော်ဘီ

No comments:

Post a Comment