Tuesday, May 2, 2017

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဘယ်လ်ဂျီယံဘုရင်၊ ဘယ်လ်ဂျီယံဝန်ကြီးချုပ်၊ ဥရောပကောင်စီ ဥက္ကဋ္ဌတို့ သီးခြားစီတွေ့ဆုံ


ဘယ်လ်ဂျီယံ (ဘရပ်ဆဲလ်) မေ 
ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့၌ တရားဝင်ခရီးရောက်ရှိနေသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဘလ်လ်ဂျီယံဘုရင် King Philippe၊ ဘလ်လ်ဂျီယံဝန်ကြီးချုပ် မစ္စတာ H.E. Charles Michel ၊ ဥရောပကောင်စီ ဥက္ကဋ္ဌ   Mr. Donald Tusk တို့ ယနေ့တွင် သီးခြားစီ တွေ့ဆုံဆွေးနွေးကြသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဘလ်လ်ဂျီယံ ဘုရင်  King Philippe တို့သည် ဒေသစံတော်ချိန် နံနက် ၁၀ နာရီတွင် ဘရပ်ဆဲလ် မြို့ရှိ ဘုရင့်နန်းတော်၌ တွေ့ဆုံဆွေးနွေးသည်။
ဒေသစံတော်ချိန် နံနက် ၁၁ နာရီတွင် ဘရပ်ဆဲလ်မြို့ Egmont Palace ၌  နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဘလ်လ်ဂျီယံဝန်ကြီးချုပ် H.E. Mr. Charles Michel တို့ တွေ့ဆုံဆွေးနွေးကြသည်။
တွေ့ဆုံစဉ် မြန်မာနှင့်ဘယ်လ်ဂျီယံနှစ်နိုင်ငံ ဆက်ဆံရေးနှင့်ပူးပေါင်းဆောင် ရွက်မှုတိုးမြှင့်ရေး၊ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အရည်အသွေး မြှင့်တင်ရေးနှင့် ရေအရင်းအမြစ်စီမံခန့်ခွဲမှု ကိစ္စရပ်များအား ဘယ်လ်ဂျီယံ နိုင်ငံက ဆက်လက်အကူအညီပေးနေသည့်ကိစ္စ၊ မြန်မာနိုင်ငံက ဆောင်ရွက်နေသည့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဆောင်ရွက် နေမှုအခြေအနေများနှင့် မြန်မာနိုင်ငံဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘယ်လ်ဂျီ ယံနိုင်ငံက အကူအညီ ပေးသွားမည့် အခြေအနေများနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဘရပ်ဆဲလ်မြို့ရှိ ဥရောပ ကောင်စီ ဥက္ကဋ္ဌ Mr. Donald Tusk တို့သည် ဒေသစံတော်ချိန် မွန်းတည့်၁၂ နာရီတွင် ဘရပ်ဆဲလ်မြို့ရှိ ဥရောပကောင်စီအဆောက်အအုံ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာ-အီးယူဆက်ဆံရေးနှင့် ပူပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ မြန်မာနိုင်ငံအသွင် ကူးပြောင်းရေး ကာလ၌ ကြုံတွေ့ရသော အခက်အခဲ အောင်မြင်မှု ရရှိရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး အတွက်ကြိုးပမ်း ဆောင်ရွက်မှုများနှင့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်နေမှုအခြေအနေများနှင့် စပ်လျဉ်း၍  ရှင်းလင်းပြောကြား ဆွေးနွေးကြသည်။
တွေ့ဆုံပွဲများသို့ ဒုတိယ၀န်ကြီး ဦးကျော်တင်၊ ဘယ်လ်ဂျီယံနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးပေါ်လွင်စိန်၊ သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့သည် ဥရောပသမဂ္ဂ နိုင်ငံခြား ရေးနှင့် လုံခြုံရေးမူဝါဒဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ်နှင့် ဥရောပကော်မရှင် ဒုတိယ ဥက္ကဋ္ဌ Mrs. Federica Mogherini  တည်ခင်းဧည့်ခံသည့် အလုပ်သဘော နေ့လယ် စာ စားပွဲသို့ တက်ရောက်ကြသည်။
အလုပ်သဘော နေ့လယ်စာစားပွဲတွင် မြန်မာ-အီးယူဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေး၊ မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအတွက်ကြိုးပမ်း ဆောင်ရွက် မှုများ၊ ရခိုင်ပြည်နယ်တည် ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုမြှင့်တင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေ မှုများအား ရှင်းလင်းပြောကြားခဲ့ပြီး အီးယူမှ မြန်မာ့ဒီမိုကရေစီအသွင် ကူးပြောင်း ရေးလုပ်ငန်းစဉ်များ အောင်မြင်မှုရရှိရေးအတွက် ဆက်လက်ကူညီပံ့ပိုးသွားမည့် ကိစ္စရပ်များကို  ဆွေးနွေးကြသည်။
 နေ့လယ်စာစားပွဲအပြီးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဥရောပသမဂ္ဂ နိုင်ငံခြားရေးနှင့် လုံခြုံရေးမူဝါဒ ဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ်နှင့် ဥရောပ ကော်မရှင် ဒုတိယဥက္ကဋ္ဌနှင့်အတူ ဥရောပသမဂ္ဂကော်မရှင် အဆောက်အဦ၌ ပြုလုပ် သည့် သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်၍ မီဒီယာများ၏ မေးမြန်းမှုများကို ရှင်းလင်းဖြေကြားသည်။
ညပိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဘယ်လ်ဂျီယံနိုင်ငံ ဘရပ် ဆဲလ်မြို့ရှိ မြန်မာသံအမတ်ကြီး နေအိမ်သို့ ရောက်ရှိပြီး မြန်မာသံရုံးမိသားစုနှင့် ရင်းရင်း နှီးနှီးတွေ့ဆုံကာ သံအမတ်ကြီး၊ သံရုံးဝန်ထမ်းများနှင့် ညစာအတူတကွသုံးဆောင် သည်။ (သတင်းစဉ်)

No comments:

Post a Comment