Monday, May 22, 2017

ကျောင်းပြင်ပ မူလတန်းပညာရေးလုပ်ငန်း အကြိုညှိနှိုင်းဆွေးနွေးပွဲ ညောင်ဦးတွင် ကျင်းပ

ညောင်ဦး မေ ၂၂
ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်ပညာရေးဌာနမှ မြို့နယ်အတွင်းရှိ ကျောင်းနေအရွယ်ကလေးငယ်များ ပညာသင်ကြားရာ၌ လွယ်ကူ ချောမွေ့စေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်သည့် ကျောင်းပြင်ပ မူလတန်းပညာရေးလုပ်ငန်း အကြိုညှိနှိုင်းဆွေးနွေး အခမ်းအနားကို မေ ၂၁ ရက်၊ နံနက် ၉ နာရီက ညောင်ဦးမြို့၊ အမှတ်(၄)အခြေခံပညာ မူလတန်းလွန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကျောင်းပြင်ပ မူလတန်းပညာရေးလုပ်ငန်း အကြိုညှိနှိုင်းဆွေးနွေးပွဲတွင် ရှေးဦးစွာ ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးကိုယ်စား ဒုတိယမြို့နယ်ဦးစီးမှူး ဦးအောင်ခိုင်ဝင်းက အဖွင့်အမှာ စကားပြောကြားပြီး၊ ညောင်ဦးခရိုင် ပညာရေးမှူး ဦးနေဝင်းက ၂၀၁၇ - ၂၀၁၈ ပညာသင်နှစ်အတွက် ကျောင်းပြင်ပ မူလတန်း ပညာရေးလုပ်ငန်း စီမံဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ကျောင်းပြင်ပ မူလတန်းပညာရေး၏ သဘောသဘာဝနှင့် တိုးချဲ့ဆောင်မှု အခြေအနေများနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစာတတ်မြောက်ရေး အထောက်အကူပြု (ပင်မဌာန) မှ သင်တန်းညှိနှိုင်းရေးမှူး ဆရာမကြီး ဒေါ်မေစီအုန်းမောင်က ရည်ရွယ်ချက်၊ ရည်မှန်းချက်နှင့် ပညာရေးလုပ်ငန်း၏ အဓိကအကျိုးဖြစ်ထွန်းမှုများကို အကျယ်တဝင့် ရှင်းလင်း ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ပညာရေးမှူး ဦးအောင်ဌေးက ကျောင်းပြင်ပ ပညာရေးလုပ်ငန်း အစီအစဉ် ဆောင်ရွက်မှုနှင့် ပက်သက်၍ တွေ့ကြုံရသည့် အခက်အခဲများနှင့် ကူညီဖြေရှင်း ပံ့ပိုးပေးနိုင်သည့်အခြေအနေများကို ချပြရှင်းလင်းတင်ပြပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကျောင်းပြင်ပ မူလတန်းပညာရေးလုပ်ငန်း အကြိုညှိနှိုင်းဆွေးနွေးပွဲအခမ်းအနားသို့ ညောင်ဦးခရိုင်ပညာရေးမှူး ဦးနေဝင်း၊ မြို့နယ် ပညာရေးမှူး ဦးအောင်ဌေး၊ ညောင်ဦးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်ဦးစီးမှူး ဦးအောင်ခိုင်းနှင့် မြန်မာနိုင်ငံ စာတတ်မြောက်ရေး အထေက်အကူပြု (ပင်မဌာန)မှ သင်တန်းညှိနှိုင်းရေးမှူး ဒေါ်မေစီအုန်းမောင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းအကျိုးတော်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ရဲဝင်းနိုင် (ညောင်ဦး)

No comments:

Post a Comment