Monday, May 22, 2017

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဥရောပသမဂ္ဂ၊ စစ်ဘက်ဆိုင်ရာကော်မတီ ဥက္ကဌအား လက်ခံတွေ့ဆုံ

နေပြည်တော်၊ မေ ၂၂
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ဥရောပ သမဂ္ဂ၊ စစ်ဘက်ဆိုင်ရာ ကော်မတီဥက္ကဌ General Michail Kostarakos အား ယနေ့ ၁၁း၃၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမတွင် လက်ခံတွေ့ဆုံခဲ့ပါသည်။

ယင်းသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် ဥရောပသမဂ္ဂတို့အကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေး တို့နှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

Ref; Ministry of Foreign Affairs Myanmar

No comments:

Post a Comment