Monday, May 22, 2017

စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာ(တတိယမူကြမ်း)အပေါ် ကယားပြည်နယ် ပြည်သူများ၏ သဘောထားအမြင်နှင့် အကြံဉာဏ်ရယူရေး အလုပ်ရုံဆွေးနွေးပွဲ လွိုင်ကော်မြို့၌ ပြုလုပ်

လွိုင်ကော်   မေ ၂၂
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာ(တတိယမူကြမ်း)အပေါ် ကယားပြည်နယ် ပြည်သူများ၏ သဘောထားအမြင်နှင့် အကြံဉာဏ်ရယူရေး အလုပ်ရုံဆွေးနွေးပွဲကို မေလ (၂၂)ရက်နေ့၊ နံနက်(၉)နာရီအချိန်က လွိုင်ကော်မြို့၊ မြို့နယ်ခန်းမ၌ ပြုလုပ်ရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက တက်ရောက်အဖွင့်အမှာစကား ပြောကြားသည်။


ဆက်လက်၍ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်နှင့် အလုပ်ရုံဆွေးနွေးပွဲ အစီအစဉ်များကို အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရေးအဖွဲ့၊ အဖွဲ့ခေါင်းဆောင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာ မောင်မောင်က ရှင်းလင်း တင်ပြသည်။
ထို့နောက် မြန်မာ့လယ်ယာ၊ သားငါးကဏ္ဍမူဝါဒ(၂ဝ၁၆ခုနှစ်)၏ အနာဂတ်လားရာ အမြင်နှင့် စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာမူဘောင်ကို ရှင်းလင်းတင်ပြပြီး ကယားပြည်နယ်၏ လယ်ယာ၊ သားငါး၊ ကျေးလက်ကဏ္ဍ၏ အားသာချက်၊ အားနည်းချက်၊ အခွင့်အလမ်း၊ စိန်ခေါ်မှုများနှင့် စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာတို့အား ချိတ်ဆက်ဆောင်ရွက်ရန် လိုအပ်ချက်များ ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ စိုက်ပျိုးရေးဖွံ့ဖြိုးမှု အဓိကလိုအပ်ချက်( Key Issues) များအလိုက် ဆွေးနွေး၍လည်းကောင်း၊  စားပွဲဝိုင်းဆွေးနွေးခြင်းဖြင့်လည်းကောင်း၊  စားပွဲဝိုင်းဆွေးနွေးပွဲ အဖွဲ့ခေါင်းဆောင်များ၏ စင်တင်ဆွေးနွေးပွဲ (Pannel Discussion)မှ ဆွေးနွေးပွဲရလာဒ်များ တစ်ဦးစီတင်ပြ၍ လည်းကောင်း တိုင်းဒေသကြီး/ပြည်နယ်အလိုက် ပြည်သူ့သဘောထားအမြင်များကို ဆွေးနွေးပွဲ စားပွဲဝိုင်းများမှ ထွက်ပေါ်လာသော ရလာဒ်များကို သယ်ဆောင်၍ ADS ရေးဆွဲရေး၌ ထည့်သွင်း ပေါင်းစပ် ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးတင်ပြကြကြောင်း သတင်းရရှိသည်။

ကယားပြည်နယ် ပြန်/ဆက်

No comments:

Post a Comment