Tuesday, May 9, 2017

သရက်မြို့နယ်အတွင်း သောက်သုံးရေ အခတ်အခဲမရှိစေရန် ကျေးရွာများသို့ ရေလှူဒါန်း

သရက်  မေ  ၉
မကွေးတိုင်းဒေသကြီး သရက်မြို့နယ် ပိတောက်ပင်ကျေးရွာနှင့် ရေနံမြေ အလယ်ကျောကျေးရွာသို့ ယနေ့ နံနက်(၉)နာရီက ခရီုင် မီးသတ်ဦးစီးဌာနမှူး လက်ထောက်ညွှန်ကြားရေးမှူးဦးထင်အောင်လင်း၊မြို့နယ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များ၊ ခရိုင် ပြန်/ဆက် ဦးစီးမှူး ဒေါ်မြင့်မြင့်ဆွေနှင့်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး အုန်းဟန်ဦး၊ ရေမျက်ရဲကင်း စခန်း ရဲကင်းစခန်းမှူး ရဲအုပ်သက်မင်းထွန်း နှင့် တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ သောက်ရေ သုံးရေများကို ဘုန်းတော်ကြီးကျောင်းတွင် လှူဒါန်းခဲ့ကြောင်း သိရသည်။

သရက်မြို့နယ် အတွင်းရှိ ကျေးရွာများတွင် နွေရာသီကာလ ရေရှားပါး ပြတ်လပ်မှု မရှိစေရေးအတွက် ကော်မတီများ ဖွဲ့စည်းပူးပေါင်း ဆောင်ရွက်လျှက်ရှိပြီး သေက်သုံးရေ ရှားပါးသည့် ကျေးရွာများကို ရေလှူဒါန်းပေးလျက်ရှိရာ မေလ ၉ ရက် နံနက်ပိုင်းတွင် ရေနံမြေ အလယ်ကျောကျေးရွာ ဘုန်းတော်ကြီးကျောင်းနှင့် အိမ်ထောင်စု(၉၁)စုဝင် လူဦးရေ (၃၅၄)ဦးအတွက် ရေဂါလံ (၄)ထောင်နှင့် သေက်ရေသန့် ဗူးကြီး(၁၀၅)ဗူး ၊ပိတောက်ပင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့သောက်ရေသန့် ဗူကြီး(၇)ဗူး၊ ကျေးရွာနေ ပြည်သူများအတွက် ရေဂါလံ(၁၆၀၀)ဂါလံ လှူဒါန်းခဲ့ကြောင်း သိရသည်။  မြို့နယ်အတွင်း ရေရှားပါး ပြတ်လပ်မှု ရှိပါက မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဖုန်း ၀၆၈-၂၁၄၄၅ နှင့် ၀၉-၂၅၈၆၈၇၉၈၆ တို့ကို ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။
ခရိုင် ပြန်/ဆက်

No comments:

Post a Comment