Thursday, May 4, 2017

လေးဘေးသင့် ပြည်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနား ကျင်းပ

ဇလွန်        မေ       
ဧရာဝတီတိုင်းဒေသကြီး ၊ ဇလွန်မြို့နယ် လေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်း အနားကို သရက်တပင် ( တောင် ) ကျေးရွာအုပ်စု ၊ ကံကြီးစု အ.မ.ကကျောင်းတွင် မေလ (၄)ရက်နေ့ နေ့လည်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဟင်္သာတခရိုင် အုပ်ချုပ်ရေးမှူး ဦးမျိုးအောင် ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်  ဦးထိန်ဝင်း ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်ထွန်း ၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဦးစီးဌာန ဦးစီးအရာရှိ ဦးသန်းစိုးတို့မှ ပြည်သူများအနေဖြင့် သဘာဝဘေးအန္တရာယ်ကျရောက် ပြီးပါက သိသင့်သည့် အကြောင်းအရာများ၊ ရသင့်ရထိုက်သည်များကို အကျယ်တ၀င့် ရှင်းလင်း ပြောကြားပြီး လေပြင်းတိုက်ခတ်မူကြောင့် ရပ်ကွက် ( ၁ ) ခုနှင့် ကျေးရွာအုပ်စု ( ၄ ) အုပ်စုတို့မှ လေဘေးသင့် အိမ်ထောင်စု   ( ၆၄ ) စုအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ရာ လေဘေးသင့်၍ ပြိုလဲအိမ်( ၁၀ )လုံး အတွက် တစ်အိမ်လျှင်ကျပ်( ၁ ) သိန်းနူန်းဖြင့် စုစုပေါင်း ( ၁၀ ) သိန်းနှင့် ကယ်ဆယ်ရေးပစ္စည်း( ၉ ) မျိုးတို့ကို ခရိုင်အုပ်ချုပ်ရေးမှူးဦးမျိုးအောင်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးထိန်ဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်ထွန်းတို့မှ လေဘေးသင့်၍ ပြိုလဲ အိမ်ထောင်စုဝင်များအား လည်းကောင်း ၊ အမိုးလန်အိမ်(၅၄)လုံး အတွက် ကယ်ဆယ်ရေးပစ္စည်း (၄)မျိုးနှင့် လေဘေးသင့် အိမ်ထောင်စု စုစုပေါင်း (၆၄)စုမှ မိသားစုဝင် ဦးရေ(၂၂၁)ဦးအတွက် ဆန်ရိက္ခာ တန်ဖိုး တစ်ဦးလျှင် (၂၁၀၀ိ/-)ကျပ်နှုန်းဖြင့် စုစုပေါင်း (၄၆၄၁၀၀ိ/-)တို့ကို   လူမှုဝန်ထမ်းကယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးသန်းစိုးမှ လေဘေးသင့် ပြည်သူများအား အသီးသီး ပေးအပ်ခဲ့သည်။
(ငွေသန်း) ၊ ပြန် / ဆက်


No comments:

Post a Comment