Thursday, May 4, 2017

နယ်လှည့်တီဘီရောဂါရှာဖွေကုသရေးအဖွဲ့ ဟားခါးမြို့ပေါ်ရှိ ရပ်ကွက်များနှင့် ကျေးရွာများသို့ အခမဲ့ကွင်းဆင်း ကုသ ဆောင်ရွက်

ဟားခါး   မေ    ၎
ဒေသခံတိုင်းရင်းသား ပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှု ပိုမိုမြှင့်တင်ကာကွယ်ပေးနိုင်ရေးအတွက် စစ်ကိုင်းတိုင်း ဒေသကြီးမှ တီဘီရောဂါဆရာဝန်ကြီး ဒေါက်တာညိမ်းညိမ်းအေး ဦးဆောင်၍ အဖွဲ့ဝင်(၉)ဦး ပါဝင်သည့် နယ်လှည့်တီဘီရောဂါ ရှာဖွေကုသရေးအဖွဲ့သည် မေ ၄ ရက် နံနက် ၉ နာရီက ဟားခါးမြို့ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းရုံး၌ ဒေသခံပြည်သူများအား တီဘီရောဂါနှင့်ပတ်သက်၍ အခမဲ့ရှာဖွေ ကွင်းဆင်း ကုသဆောင်ရွက်ခဲ့သည်။

အဆိုပါ နယ်လှည့်တီဘီရောဂါရှာဖွေကုသရေးအဖွဲ့သည် မေလ ၃ ရက်နေ့မှ ၇ ရက်နေ့အထိ  ဟားခါးမြို့ မြို့သစ်ရပ်ကွက်၊ ဈေးသစ်ရပ်ကွက်၊ မြို့ကွက်သစ်၊ ဟားခါးမြို့နယ်၊ ဆတ္တားကျေးရွာနှင့် ဆူရ်ခွါးကျေးရွာများတွင် ဆက်လက် ကွင်းဆင်းကုသဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
( ဟားခါးခရိုင် ပြန်/ဆက် )

No comments:

Post a Comment