Monday, May 8, 2017

လားရှိုး၌ လျှပ်စစ်ဓါတ်အားပြည့်ဝစွာ အသုံးပြုနိုင်ရေး (၁၀)အမ်ဗွီအေ ထရန်စဖော်မာ ဓါတ်အားခွဲရုံအား (၅)အမ်ဗွီအေ ထရန်စဖော်မာ ထပ်မံတိုးချဲ့တည်ဆောက်

လားရှိုး   မေ 
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ လားရှိုးခရိုင်၊ လားရှိုးမြို့နယ်၊ ရပ်ကွက်(၇)တွင်ရှိသော (၁၀)အမ်ဗွီအေ ဓါတ်အားခွဲရုံအမှတ်(၃)တွင် ဝန်အားပြည့်လာခြင်းကြောင့် ပြည်သူများ ဓါတ်အားပြည့်ဝစွာ ရရှိ အသုံးပြုနိုင်ရေးအတွက် လက်ရှိအသုံးပြုနေသော (၁၀)အမ်ဗွီအေ ထရန်စဖော်မာအပြင် (၅)အမ်ဗွီအေ ထရန်စဖော်မာတစ်လုံး အင်အားတိုးချဲ့ခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးသဖြင့် ဓါတ်အားပြည့်ဝစွာ အသုံးပြုနိုင်ပြီဖြစ်ကြောင်း မေ(၈)ရက်နေ့က သိရသည်။

ယခင်အဆိုပါ (၁၀)အမ်ဗွီအေခွဲရုံမှ (၁၁)ကေဗွီစိတ္တသုခလိုင်း၊ (၁၁)ကေဗွီ ရန်ကင်းလိုင်း၊ (၁၁)ကေဗွီရွှေသံလွင်လိုင်းများဖြင့် ရပ်ကွက်(၄၊၅၊၆၊၇၊၁၂)များသို့ ဓါတ်အားဖြန့်ဖြူးလျက်ရှိရာ ဓါတ်အားသုံးစွဲသူများ တိုးတက်လာသည်နှင့်အမျှ ဝန်အား မနိုင်နင်းသဖြင့် အဆိုပါရပ်ကွက်နေပြည်သူများ ဓါတ်အားစဉ်ဆက်မပြတ်သုံးစွဲနိုင်ရေး အခက်အခဲရှိရာမှ ယခု(၅)အမ်ဗွီအေ တိုးချဲ့တည်ဆောက်ခြင်းကြောင့် အဆိုပါရပ်ကွက်များ ဓါတ်အားစဉ်ဆက်မပြတ်ရရှိပြီး ဗို့အားပြည့်ဝစွာ သုံးစွဲနိုင်သည့်အပြင် အခြားမြို့ပေါ် ရပ်ကွက်များဖြစ်သည့် ရပ်ကွက်(၁၊၂၊၉၊၁၀)တို့သည်လည်း ဓါတ်အား ပြည့်ဝစွာ သုံးစွဲနိုင်ပြီဖြစ်ကြောင်း ခရိုင် လျှပ်စစ် အင်ဂျင်နီယာထံမှ သတင်းရရှိသည်။

ဟန်ဌေး(လားရှိုး)

No comments:

Post a Comment