Thursday, May 4, 2017

တိုင်းရင်းသားအရေးကို နိုင်ငံရေးအရ ဆွေးနွေးနိုင်သည့် လမ်းကြောင်းများစွာ၊ အခွင့်အရေးများစွာရှိ


နေပြည်တော် မေ ၃
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီး မစ္စတာ စကော့မာစီရယ်လ် အား ယနေ့ မွန်းလွဲ ၃ နာရီခွဲတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံရာတွင် ဧည့်သည်တော် သံအမတ်ကြီးက မြန်မာနိုင်ငံ၏ လက်နက် ကိုင်ပဋိပက္ခမှာ ဖြစ်ပေါ်လာခဲ့သည့် သမိုင်း ကြောင်း ရှည်လျားသည့်အပြင် ပါဝင် သည့် အဖွဲ့အစည်းများလည်း များပြား ကြောင်း၊ ယင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်ေ
အာင်မြင်အောင် လုပ်ဆောင်နိုင်ခြင်း သည် က္ဘာပေါ်ရှိ အခက်အခဲဆုံး စစ်ပွဲ ကြီးတစ်ခုကို အောင်နိုင်ခြင်းဟု မှတ်ယူ ရမည်ဖြစ်ကြောင်း ဦးစွာပြောကြား၍ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ခေါင်းဆောင်တချို့နှင့် တွေ့ဆုံဆွေးနွေး ခဲ့မှု အခြေအနေများ၊ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကြီးတွင် အဖွဲ့ အားလုံးပါဝင်တွေ့ဆုံနိုင်မည့် အခွင့် အလမ်းများအပေါ် သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းသည်။
အဆိုပါ ဆွေးနွေးမေးမြန်းမှုများ အပေါ် တပ်မတော်ကာကွယ်ရေး ဦးစီး ချုပ်က မကြာမီပြုလုပ်မည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကြီးအား များစွာ မျှော်လင့်ချက်ထားကြောင်း၊ မိမိတို့ အနေဖြင့် အကောင်းဘက်မှ ဦးတည် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ တိုင်း ရင်းသားအရေးကို နိုင်ငံရေးအရ ဆွေးနွေး နိုင်သည့် လမ်းကြောင်းများစွာ၊ အခွင့် အရေးများစွာရှိကြောင်း၊ တပ်မတော် အနေဖြင့် နိုင်ငံရေးလုပ်နေခြင်း မဟုတ် ဘဲ ငြိမ်းချမ်းရေးအတွက် တိုက်ပွဲဖြစ်စဉ် များချုပ်ငြိမ်းရန်၊ လက်နက်ကိုင်ပဋိပက္ခ များချုပ်ငြိမ်းရန် လုပ်ဆောင်နေခြင်း သာဖြစ်ကြောင်း၊ လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေးမှာ တပ်မတော်၏ အလိုလား ဆုံးဆန္ဒဖြစ်ကြောင်း ပြောကြား၍ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ အနေဖြင့် နိုင်ငံရေးအရ တရားဝင် ပြောဆိုဆွေးနွေးရန်အတွက်NCA အား လက်မှတ်ရေးထိုးရန် လိုအပ်မှုအခြေ အနေများနှင့်စပ်လျဉ်း၍ ပြန်လည် ဆွေးနွေးသည်။

ဆက်လက်ပြီး ရခိုင်ပြည်နယ်အရေး ကိစ္စနှင့်ပတ်သက်၍ အမှန်တကယ် ဖြစ်ပျက်ခဲ့သည့် ဖြစ်စဉ်ဖြစ်ရပ်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုနှင့် ပတ် သက်၍ စွပ်စွဲပြောဆိုမှုများအပေါ် တပ်မတော်ပိုင်းဆိုင်ရာ စုံစမ်းစစ်ဆေးမှု လုပ်ဆောင်ခဲ့မှုများနှင့် မြန်မာ-အမေ ရိကန် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးတိုးမြှင့်ရန် ကိစ္စရပ်များ အား အမြင်ချင်းဖလှယ်ဆွေးနွေးကြ သည်။

No comments:

Post a Comment