Wednesday, May 3, 2017

ဒီပဲယင်းမြို့နယ်၌ လေပြင်းတိုက်ခတ်ပြီး မိုးသီးကြွေကျမှုကြောင့် လူနေအိမ်များပျက်စီး


ဒီပဲယင်း    မေ ၃
စစ်ကိုင်းတိုင်းဒေသကြီး ၊ ရွှေဘိုခရိုင် ၊ ဒီပဲယင်းမြို့နယ် ၊ ကျခတ်ကျေးရွာတွင် မေလ ၂ ရက် ညနေ ၆း၃၀ အချိန်က လေပြင်းတိုက်ခတ်ပြီး မိုးသီးများကြွေကျမှုကြောင့် လူနေအိမ်များ အမိုးလန် ၊ပြိုလဲ ၊ သစ်ပင်ပိမှုများ ဖြစ်ပေါ်ခဲ့၍ လူနေအိမ် ၃၈ လုံးပျက်စီးဆုံးရှုံးခဲ့ကြောင်းသိရသည်။

လေပြင်းတိုက်ခတ်မှုနှင့် ပတ်သက်၍ ကျခတ်ကျေးရွာနေ ဦးဇော်က   ညနေ ၆း၃၀ အချိန်တွင်  လေပြင်း စတင်တိုက်ခတ်ခဲ့ကြောင်း၊ လေပွေသဖွယ်စုတ်ယူပြီးတိုက်ခတ်ကြောင်း၊ လူနေအိမ်များ ယိမ်းယိုင်ကာ အိမ်ခေါင်းမိုးများလန်ထွက်ပြီး လေပြင်းနောက်သို့လွင့်ပါသွားကြောင်း၊ သစ်ပင်များလည်း အမြစ်ကနေ လန့်ပြီး လဲခဲ့ကြောင်း လေပြင်းတိုက်ခတ်မှုအချိန်ကတော့  ၁၅ မိနစ်ခန့်သာ ကြာကြောင်း ပြောကြားခဲ့သည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ လူနှင့်ကျွဲ ၊ နွားတိရစ္ဆာန်များ ထိခိုက်သေဆုံးမှုမရှိကြောင်း နှင့် လေပြင်းတိုက်ခတ်ခံရသည့် ကျခတ်ကျေးရွာသို့ မြို့နယ် စီ/ခန့်ဥက္ကဌ၊ မြို့နယ်ပြန်/ဆက်၊ မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များက ကူညီရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။

အောင်လင်း (iprd)

No comments:

Post a Comment