ကနီ
မေ ၁၄
စစ်ကိုင်းတိုင်းဒေသကြီ၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်တွင်
မေလ ၁၄ ရက်နေ့ ညနေ (၄း၁၅) နာရီခန့်က မိုးသီးများ ကျရောက်ကာမိုးများသည်းထန်စွာရွာသွင်းပြီး
လေပြင်းတိုက်ခတ်မှုကြောင့် ကနီမြို့ပေါ်(၃)ရပ်ကွက်နှင့် ကျေးရွာအုပ်စု အချို့တို့တွင်
လူနေအိမ်နှင့် စာသင်ကျောင်းဆောင်၊ သာသနိက အဆောက်အဦများ ပြိုကျခြင်း၊ လျှပ်စစ်ဓါတိုင်များ
လဲကျပျက်စီးဆုံးရုံးမှုများနှင့် လူများထိခိုက်ဒဏ်ရာများရရှိပြီး အသေအပျောက်များရှိခဲ့ကြောင်း
သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်
ဒေါက်တာမြင့်နိုင်၊ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးသန်း၊ ကနီမြို့နယ် ပြည်သူ့လွှတ်တော်နှင့်
တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်များသည်
အဆိုပါ လေပြင်းတိုက်ခတ်မှုများကြောင့် မြို့ပေါ်ရပ်ကွက်များရှိလမ်းများတွင် သစ်ပင်များလဲကျ
အိမ်ပြိုမှုများ ဖြစ်ပွားရာသို့ ညနေ (၆း၄၀) နာရီတွင် ရောက်ရှိ၍ အမှတ်(၃)ရပ်ကွက်တွင်
လူနေအိမ်များ ပြိုကျပျက်စီးမှုများ၊ ကနီမြို့နယ် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝန်းအတွင်း သစ်ပင်များကျိုးကျ
ပျက်စီးမှုများနှင့် ကွင်းဆင်းကြည့်ရှု ခဲ့ကြပြီး နေအိမ်ပြိုကျ၍ သေဆုံးသူမိသားစုနှင့်
မြို့နယ်ပြည်သူ့ဆေးရုံတွင် ထိခိုက်ဒဏ်ရာရရှိ၍ ဆေးရုံတက်ရောက် နေသူများအား အားပေးစကားများ ပြောကြားပြီး ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း
သိရသည်။ ကနီမြို့နယ် လွှတ်တော် ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌနှင့်
အဖွဲ့ဝင်များအားတွေ့ဆုံပြီး ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ် နိုင်ရေးတို့ကို မှာကြားခဲ့ပြီး
တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရေး ဆောင်ရွက်ပေး
သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါလေပြင်းတိုက်ခိုက်မှုကြောင့် ယခုအချိန်ထိ ကောက်ယူရှိမှုစာရင်းများအရ
မြို့ပေါ်ရပ်ကွက် သုံးရပ်ကွက်နှင့် ကျေးရွာအုပ်စုသုံးအုပ်စုတို့မှ လူနေအိမ် ၅ လုံး ပြိုကျခြင်း၊
လူနေအိမ်(၁၂၄)လုံး အမိုးလန်ပျက်စီးခြင်း၊ သာသနိက အဆောက်အဦ ၂ လုံး၊ စာသင်ကျောင်း (၁)ကျောင်းနှင့်
ဌာနဆိုင်ရာအဆောက် အဦ(၉)လုံး၊ လျှပ်စစ်မီးလိုင်းပြတ်ကျပြီး
ဓါတ်တိုင်များ ကျိုးပဲ့ပျက်စီးမှုများဖြစ်ခဲ့ပြီး အိမ်ပြိုကျ၍ လူ(၂)ဦးသေဆုံးပြီး၊
(၆)ဦးဒဏ်ရာရရှိမှုများ ဖြစ်ပွားခဲ့ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးမှ
သိရသည်။
သန်းဌေးအောင်(ကနီ)
No comments:
Post a Comment