Monday, May 8, 2017

ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေး၊ ဆေးတက္ကသိုလ်များတွင် သင်ကြားလျက် ရှိသော ဆေးပညာ သင်ရိုး ညွှန်းတမ်းများအား အဆင့် မြှင့်တင်ရေး အစည်းအဝေးသို့ တက်ရောက်



ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေးသည် မေ (၆) ရက် နံနက်ပိုင်းတွင် ဆေးတက္ကသိုလ်(၁) ရန်ကုန်၌ မြန်မာနိုင်ငံ ဆေးကောင်စီမှ ကြီးမှူး ကျင်းပသည့် ပြည်ပနိုင်ငံများမှ ဆေးပညာဘွဲ့ M.B,B.S နှင့် အလားတူဘွဲ့ ရရှိပြီးသော မြန်မာနိုင်ငံသား ဆရာဝန်များ အတွက် ဆေးကုသခွင့် လိုင်စင် ထုတ်ပေးရေး အရည်အချင်းစစ် စာမေးပွဲ ၂၀၁၇ ကျင်းပနေမှုများအား လှည့်လည် ကြည့်ရှု အားပေးခဲ့သည်။

ပြည်ထောင်စုဝန်ကြီးသည် မွန်းလွဲပိုင်းတွင် ဆေးတက္ကသိုလ်(၁) ရန်ကုန် အစည်းအဝေးခန်း၌ ကျင်းပသည့် ဆေးတက္ကသိုလ်များတွင် သင်ကြားလျက် ရှိသော ဆေးပညာ သင်ရိုး ညွှန်းတန်းများအား အဆင့် မြှင့်တင်ရေး ကိစ္စနှင့် ပတ်သက်သည့် အစည်းအဝေးသို့ တက်ရောက်သည်။
ယင်းအစည်းအဝေးတွင် ဆေးတက္ကသိုလ်များ၌ သင်ကြားလျက် ရှိသော ဆေးပညာ သင်ရိုး ညွှန်းတန်းများအား အဆင့် မြှင့်တင်ရေး ကိစ္စနှင့် ပတ်သက်၍ အမြဲတမ်းအတွင်းဝန်၊ ကျန်းမာရေး လူ့စွမ်းအား အရင်းအမြစ် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဆေးတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ပါမောက္ခ/ ဌာနမှူးများ၊ ကျွမ်းကျင် ပညာရှင်များ ပါဝင်သော ဆေးပညာ သင်ရိုး ညွှန်းတမ်း အဆင့် မြှင့်တင်ရေးအဖွဲ့၏ တင်ပြချက်များ အပေါ် ပြည်ထောင်စု ဝန်ကြီးက ရှေ့ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းများအား ပေါင်းစပ် ညှိနှိုင်း လမ်းညွှန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment